• Follow Us on
Latest News

Home ရန်ကုန်တွင် ဆေးဝါးများ ဈေးနှုန်းမြင့်မားမှုမရှိစေရန် ဆေးဂိုဒေါင် (၂၄) ခုအား စစ်ဆေးခဲ့ရာ ဂိုဒေါင် (၉) ခုမှာ ဈေးမြှင့်တင်ရောင်းချရန် ထိန်းချုပ်ထားကြောင်းတွေ့ရှိခဲ့

ရန်ကုန်တွင် ဆေးဝါးများ ဈေးနှုန်းမြင့်မားမှုမရှိစေရန် ဆေးဂိုဒေါင် (၂၄) ခုအား စစ်ဆေးခဲ့ရာ ဂိုဒေါင် (၉) ခုမှာ ဈေးမြှင့်တင်ရောင်းချရန် ထိန်းချုပ်ထားကြောင်းတွေ့ရှိခဲ့

Share this post

ရန်ကုန်၊ သြဂုတ် ၁၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူ အတွက် အိမ်သုံးဆေးဝါးဈေးနှုန်းမြင့်မားခြင်းမရှိစေရန်ရည်ရွယ်၍ ပူးပေါင်းအဖွဲ့များမှ ပထမဦးစွာ ဆေးဂိုဒေါင် (၂၄) ခုအား စစ်ဆေးခဲ့ရာ ဂိုဒေါင် (၉) မှာ ဈေးမြှင့်တင်ရောင်းချရန် ထိန်းချုပ်ထားကြောင်း တွေ့ရှိခဲ့ရ၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ကြေညာခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် သြဂုတ်လ ၁၁ ရက်နေ့တွင် ဆေးဝါးဖြန့်ချိရောင်းချနေသော မင်္ဂလာဈေး၊ ရွှေပြည့်စုံ ဈေး၊ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ လက်လီလက်ကားဆိုင်ကြီးများကို ဝင်ရောက်စစ်ဆေးခြင်းမပြုဘဲ သီးသန့်ဂို ဒေါင်များဖြင့် သိုလှောင်ထားသော ဆေးဂိုဒေါင် (၂၄) ခုကိုစစ်ဆေးခဲ့ရာ ဆေးဂိုဒေါင် (၂၄) ခုအနက် ဆေးဂို ဒေါင် (၉)ခုမှာ ဈေးနှုန်းမြှင့်တင့်ရန် ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်ယူ တင်သွင်းသည့် အထောက်အထားများတင်ပြနိုင်မှုမရှိခြင်း၊ သိုလှောင်ထားသည့်ပမာဏများပြားသဖြင့် ဈေး ကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း တွေ့ရှိခဲ့ရကြောင်းသိရသည်။

 

ဂိုဒေါင် (၂၄) လုံးကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းပြုလိုက်သဖြင့် ဆေးဝါးဈေးကွက်အတွင်း လက်လီ လက်ကားရောင်းချသော ဈေးများတွင် အများပြည်သူအသုံးများသော ဆေးများ၏ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားကြောင်း သိရသည်။

 

ပုံမှန်ရောင်းချလျက်ရှိသည့် ဂိုဒေါင်များကို ဆေးဝါးများဈေးနှုန်းမြင့်မားစေရန်၊ ဈေးကွက်အတွင်း ဆေးဝါးဖြန့်ဖြူး မှုထိန်းချုပ်ခြင်း မပြုရန်၊ အမြတ်ကြီးစားရောင်းချခြင်းမပြုရန် သတိပေးပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ ကြောင်း  ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း အိမ်သုံးဆေးဝါးသိုလှောင်သည့် ဂိုဒေါင်(၁၉) လုံးကို ပူးပေါင်း အဖွဲ့ဖြင့် ထပ်မံစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

#PeopleMedia #ဆေးဂိုဒေါင်

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post