• Follow Us on

Home ရန်ကုန်ဘူတာကြီးမှ မီးရထားဝန်ထမ်းဖြစ်သူ ဦးထိန်ဝင်းကို လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့သည့်အဖွဲ့မှ ပါဝင် ပတ်သတ်သူ ၁၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်ဘူတာကြီးမှ မီးရထားဝန်ထမ်းဖြစ်သူ ဦးထိန်ဝင်းကို လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့သည့်အဖွဲ့မှ ပါဝင် ပတ်သတ်သူ ၁၅ ဦး ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)

 

ရန်ကုန်ဘူတာကြီးမှ မီးရထားဝန်ထမ်း၊ သတင်းနှင့် ပြန်ကြားရေးတွဲဖက် ဦးထိန်ဝင်း(ခ)ရန်ကင်းမောင်ကို လုပ် ကြံပစ်ခတ်သတ်ဖြတ်ခဲ့သည့်အဖွဲ့မှ ကျူးလွန်သူ ၁၅ ကို ဖမ်းဆီးထားကြောင်း န-စ-က ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်ဘူတာကြီးမှ သတင်းနှင့် ပြန်ကြားရေးတွဲဖက်ဖြစ်သူ ဦးထိန်ဝင်း(ခ)ရန်ကင်းမောင်သည် ဗိုလ်တစ်ထောင်မြို့နယ်၊ ဝန်ထမ်းအိမ်ရာမှ တိုင်း(၆) ရုံးသို့ ဗိုလ်မင်းရောင်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ယာဉ်အမှတ်(စိစစ်ဆဲ)ပေါ်မှ ဆင်းလာသူ အကြမ်းဖက်သမား  ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးမှုဖြစ်စဉ် ဖြစ်ပွား ခဲ့ပါသည်။

 

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အထူးအမှုစစ်အဖွဲ့ဖွဲ့စည်း၍ စုံစမ်းဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အခင်း ဖြစ်စဉ်အတွင်း အကြမ်းဖက်သူများ အသုံးပြုခဲ့သည့် NPW 1Q/5868 ဟိုက်ဂျက်အဖြူရောင်ယာဉ်အား ထက် အောင်ကျော်(ခ)92 (၂၇) နှစ်(ဘ)ဦးအောင်ဌေးနှင့် ဇော်ရိန်ထွန်း(ခ)တစ်သျူးတို့နှင့်အတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းဆုံမီးပွိုင့်တွင် တွေ့ရှိ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူ ထွက်ဆိုချက်အရ သတင်းပေးစေခိုင်းသူ ရန်ကုန်ဘူတာကြီး စက်ပြင်လုပ်သား သူရအောင် (ခ) စောငမန်း(၂၉)နှစ်အား နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး၊ ဆက်လက်၍ ထက်အောင်ကျော်ဌားရမ်းနေထိုင်ခဲ့သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ် စောနောင်လမ်း အမှတ်(၂၃)သို့ ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများ ဖြစ်သည့် မရမ်းကုန်းမြို့နယ်နေ ထွဋ်မြတ်ဘုန်းကျော်(ခ)အိုမက်(၂၃)နှစ်နှင့် မင်္ဂလာဒုံ မြို့နယ်နေ မျိုးပိုင် (၁၆) နှစ်တို့ ၂ ဦးအား ပစ္စတို(၁) လက်၊ ၎င်းကျည်အိမ် (၁) ခု၊ LUGER ကျည် (၃၁) တောင့်၊ 9 MM ကျည်(၈)တောင့်၊ စတီးဘောစေ့ (၁၀၀၀)ခန့်ပါခဲရောင်ကော်ဗူး (၁)ဗူး၊ လက်လုပ်ဗုံး (၁)လုံး၊ 91 လက်ပစ်ဗုံး (၃)လုံးနှင့် ငွေရောင် စနစ်တံ(၃)ချောင်း၊ အစမ်းရောင်ကော်ဗုံးသီးခွံ (၁၃)လုံး၊ ယမ်းမှုန့် (၁)ထုပ်၊ ကီးပတ်ဖုန်း(၆)လုံး၊ လက်တောပ့် (၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဖမ်းဆီးရမိသူများ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၂၁)ရပ်ကွက်၊ သစ္စာလမ်းနေ ကျော်လွင်ဦး(ခ)ရွှေလေး(၂၆)နှစ် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ သံသုမာလမ်း၊ ပထမထပ်၊ အခန်း(ဘီ)နေ အောင်ကြီး(ခ)လှိုင်ထူးအောင် (၃၆)နှစ်အား ၎င်း၏ဇနီးဖြစ်သူ မဆုရည်လှိုင်(ခ)ဆုလှိုင် (၃၂)နှစ်၊ မင်္လာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာနေ Dragon (ခ)ထွန်းမင်းလတ်(၂၄)နှစ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၃)ရပ်ကွက်၊ စံရိပ်ငြိမ်လမ်း၊ အမှတ်(၆၃၂)(ခ)နေ မိုင်းနတ်(ခ) အောက်ကိုသော်(၂၂)နှစ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၁၁၈)နေ စောကလျာ(၂၂)နှစ်နှင့် မင်္ဂလာဒုံမြို့နယ်၊ အေကရစ်ရပ်ကွက်၊ စာရိတ္တလမ်း၊ အမှတ်(၂၀)နေ အေးသန္တာ(၃၇) နှစ်တို့အား ယင်းနေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်စော နောင်လမ်း၊ အိမ်အမှတ်(၂၃)တွင် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ကျွန်းရွှေ မြိုင်လမ်းနေ ရဲထက်ဦး(ခ)YZ(၂၁)နှစ်အား ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ မောင်းမကန် လမ်းတွင်လည်းကောင်း၊ ရဲထက်ဦးအား ယာဉ်နှင့် နေထိုင်ရန် ကူညီပေးခဲ့ သူ ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်၊ ဦးမြငါးစင်လမ်း၊ အမှတ်(၉၆)နေ ကြည်မင်းဟန်(၃၀)နှစ်အား ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်းနှင့် သစ်တောလမ်းထိပ်၌ ဖမ်းဆီးရမိခဲ့ရသည်။

 

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်များအရ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် မရမ်းကုန်း မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဦးထွန်းရှိန်လမ်း၊ တိုက်အမှတ်(၅၅၂)၊(၄)လွှာယာခန်းတွင် လက်လုပ်ဗုံးများ သိုဝှက်သိမ်းဆည်း ထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် CROWN ယာဉ်တွင် တပ်ဆင်ခဲ့သော ယာဉ်နံပတ်ပြား (၁)ခု၊ အစိမ်းရောင် ကော် လက်ပစ်ဗုံးခွံ (၈၈)လုံး၊ ပိုတက်စီယမ် ကလိုရိုက် (၂၉)ထုပ်၊ မီးရှို့ယမ်း(၄၀)ချောင်း၊ ကော်မောင်းတုန်း (၁)ချောင်း၊ ကီးပတ်ဖုန်း(၆)လုံး၊ မီးရှို့ဒီတိုနေတာ (၇) ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်တရားခံ စိုးဝင်အောင်(ခ)ပြောင်ကြီး(ခ)၂၁ (၃၉)နှစ်အား ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် လသာမြို့နယ်၊ (၁၉)လမ်း၌ LUGER ကျည်(၇)တောင့် ပစ်ခတ်မှုဖြစ်စဉ်အတွက် ကြို တင်ရေးဆွဲထားသည့် မြေပုံ(၁)ခုပါရှိသည့် စာအုပ်တစ်အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထား သည်။

 

#PeopleMedia #မြန်မာ့မီးရထား

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 



Share this post