• Follow Us on

Home ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားမည့် ဘင်္ဂါလီ ၃ဝ နှင့် ဒေသခံတိုင်းရင်းသား ၅ ဦးပါ စက်လှေတစ်စီး ပုဏ္ဏားကျွန်း၌ ဖမ်းဆီးရမိ

ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားမည့် ဘင်္ဂါလီ ၃ဝ နှင့် ဒေသခံတိုင်းရင်းသား ၅ ဦးပါ စက်လှေတစ်စီး ပုဏ္ဏားကျွန်း၌ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂ (People Media)

 

ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားမည့် ဘင်္ဂါလီ ၃၀ နှင့် ဒေသခံတိုင်းရင်းသား ၅ ဦးပါ စက်လှေတစ်စီး သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အောက်တိုဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗလီ ပေါက်ကျွန်း(ပေါက်တောနယ်မြေ)အနီး ကုလားတန်မြစ်အတွင်း ယင်းစက်လှေကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါစက်လှေပေါ်တွင် ဘင်္ဂါလီလူမျိုး ၃၀ ဦး၊ ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသား ၅ ဦး စုစုပေါင်း ၃၅ ဦး လိုက်ပါလာသည်ဟု သိရှိရသည်။

 

ဆက်လက်ပြီး စစ်ဆေးမေးမြန်းရာ ၎င်းတို့သည် ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာမှ ပွဲစားများနှင့် ချိတ်ဆက်ပြီး မေယုမြစ်မှတစ်ဆင့် ရန်ကုန်မြို့သို့သွားမှာဖြစ်ပြီး ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားရန် အောက်တိုဘာ ၇ ရက် ည ၉ နာရီခန့်တွင် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ ဘူးသီးတောင်မြို့နယ်မှ ပွဲစားများဖြစ်သည့် ရော်ဖီးနှင့် ရှော်ဖီးဘူလာတို့ကို တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းဖြင့် ရန်ကုန်မြို့အထိ ပို့ဆောင်ပေးရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းချက်အရ ဖော်ထုတ်ရရှိ ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

 

Photo – ယခင် ပုံအဟောင်းကို ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

 

#PeopleMedia #ပုဏ္ဏာကျွန်း #ဘင်္ဂါလီ

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #ပုဏ်ဏာကြှနျး #ဘငျ်ဂါလီ


Share this post