• Follow Us on

Home ရန္ကုန္ရွိရခိုင္အမ်ိဳးသမီးမ်ားလုပ္ငန္းခြင္ခြဲျခားဆက္ဆံမႈမ်ားမရွိေအာင္ဦးစားေပးလုပ္ ေဆာင္မည္ဟုေဒၚထုေမဆို

ရန္ကုန္ရွိရခိုင္အမ်ိဳးသမီးမ်ားလုပ္ငန္းခြင္ခြဲျခားဆက္ဆံမႈမ်ားမရွိေအာင္ဦးစားေပးလုပ္ ေဆာင္မည္ဟုေဒၚထုေမဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ-၂၅
ရန္ကုန္တိုင္းေဒသႀကီးတြင္ ေရာက္ရွိေနထိုင္သည့္ ရခိုင္အမ်ိဳးသမီးမ်ား လုပ္ငန္းခြင္ခြဲျခား ဆက္ဆံမႈမ်ား မရွိေအာင္ ဦးစားေပးလုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ရခိုင္းတိုင္းရင္းသားေရးရာ၀န္ႀကီးေနရာကို ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ေဒၚထုေမက ေျပာသည္။
“ရခိုင္ျပည္သူေတြနဲ႕ ထိေတြ႕ေတာ့ သူတို႔စီက သိလာရတာက ရန္ကုန္တိုင္းရဲ႕ ရပ္ကြက္တစ္ခ်ိဳ႕မွာ ခြဲျခားဆက္ဆံမႈေတြ ခံေနရတယ္၊ အလုပ္အကိုင္မွာ လည္ ခြဲျခားဆက္ဆံမႈေတြနဲ႕ လုပ္ငန္းခြင္ အခတ္အခဲအမ်ားႀကီးရွိတယ္၊ သိသာတာ တစ္ခုက ကိုဗစ္အခ်ိန္မွာ ရခိုင္ျပည္ကျပန္လာၾကတယ္ သို႔မဟုတ္ ရခိုင္ကေန ဒီေနတဲ့ သူေတြဆို သူတို႔ စက္႐ုံ အလုပ္႐ုံေတြမွာ ရပ္ကြက္ေတြမွာ ၁၁/ ကိုင္ေဆာင္ထားတဲ့ ရခိုင္ေတြကို ဆိုရင္ ခြဲျခားဆက္ဆံတာေတြ အမ်ားႀကီးေတြ႕ရတယ္၊ ဒီအတြက္ စိတ္မေကာင္းျဖစ္ရတယ္၊ ျမန္မာနိုင္ငံေနထိုင္ၾကတဲ့ နိုင္ငံသူနိုင္ငံသားအားလုံးဟာ တန္းတူညီမွ်မႈရွိတယ္၊ ဒီစနစ္တစ္ခုျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္တယ္”ဟု ေဒၚထုေမက ဆိုသည္။
ဆက္လက္ၿပီး ရခိုင္အမ်ိဳးသမီးမ်ား ဘဝလုံၿခဳံတိုးတက္ေရးႏွင့္ စြမ္းေဆာင္ရည္တိုးတက္ျမင့္မားလာေအာင္ ဆက္႐ြက္ေပးသြားမည္ျဖစ္သလို ရခိုင္တိုင္းရင္းသားမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ား ျပားလာေစရန္အတြက္ အလုပ္သမားအခြင့္အေရး တိုးတက္ရရွိေရး၊ လုပ္ငန္းခြင့္ျပႆနာမ်ား ေျဖရွင္းေပးေရး၊ အသက္ေမြးဝမ္းေၾကာင္းလုံၿခဳံမႈမ်ားကို ကာကြယ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ဒါျပင္ ရခိုင္လူငယ္မ်ား အသက္ေမြးဝမ္းေၾကာင္းပညာေရးႏွင့္ အဆင့္ျမင့္ပညာေရးကို ပိုမိုလက္လွမ္းမွီသင္ယူနိုင္ေရး၊ အနာဂတ္ေခါင္းေဆာင္ေကာင္းမ်ား က႑စုံမွာ ေပၚေပါက္လာေရးအတြက္ ဦးေဆာင္မႈအခန္းက႑မ်ားကို ထုတ္ေဖာ္ေလ့က်င့္ပ်ိဳးေထာင္ေပးသြားမည္ျဖစ္ေၾကာင္း ၎က ထပ္မံေျပာသည္။
ေဒၚထုေမသည္ လက္ရွိတြင္ အမ်ိဳးသားလႊတ္ေတာ္အမတ္ တစ္ဦးျဖစ္ၿပီး ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး ရခိုင္တိုင္းရင္းသားေရးရာ၀န္ႀကီး ေနရာအတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္သည္။
[Unicode]
ရန်ကုန်ရှိရခိုင်အမျိုးသမီးများလုပ်ငန်းခွင်ခွဲခြားဆက်ဆံမှုများမရှိအောင်ဦးစားပေးလုပ် ဆောင်မည်ဟုဒေါ်ထုမေဆို
ရန်ကုန်၊ စက်တင်ဘာ-၂၅
ရန်ကုန်တိုင်းဒေသကြီးတွင် ရောက်ရှိနေထိုင်သည့် ရခိုင်အမျိုးသမီးများ လုပ်ငန်းခွင်ခွဲခြား ဆက်ဆံမှုများ မရှိအောင် ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရခိုင်းတိုင်းရင်းသားရေးရာ၀န်ကြီးနေရာကို ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ထုမေက ပြောသည်။
“ရခိုင်ပြည်သူတွေနဲ့ ထိတွေ့တော့ သူတို့စီက သိလာရတာက ရန်ကုန်တိုင်းရဲ့ ရပ်ကွက်တစ်ချို့မှာ ခွဲခြားဆက်ဆံမှုတွေ ခံနေရတယ်၊ အလုပ်အကိုင်မှာ လည် ခွဲခြားဆက်ဆံမှုတွေနဲ့ လုပ်ငန်းခွင် အခတ်အခဲအများကြီးရှိတယ်၊ သိသာတာ တစ်ခုက ကိုဗစ်အချိန်မှာ ရခိုင်ပြည်ကပြန်လာကြတယ် သို့မဟုတ် ရခိုင်ကနေ ဒီနေတဲ့ သူတွေဆို သူတို့ စက်ရုံ အလုပ်ရုံတွေမှာ ရပ်ကွက်တွေမှာ ၁၁/ ကိုင်ဆောင်ထားတဲ့ ရခိုင်တွေကို ဆိုရင် ခွဲခြားဆက်ဆံတာတွေ အများကြီးတွေ့ရတယ်၊ ဒီအတွက် စိတ်မကောင်းဖြစ်ရတယ်၊ မြန်မာနိုင်ငံနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးဟာ တန်းတူညီမျှမှုရှိတယ်၊ ဒီစနစ်တစ်ခုပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်”ဟု ဒေါ်ထုမေက ဆိုသည်။
ဆက်လက်ပြီး ရခိုင်အမျိုးသမီးများ ဘဝလုံခြုံတိုးတက်ရေးနှင့် စွမ်းဆောင်ရည်တိုးတက်မြင့်မားလာအောင် ဆက်ရွက်ပေးသွားမည်ဖြစ်သလို ရခိုင်တိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပြားလာစေရန်အတွက် အလုပ်သမားအခွင့်အရေး တိုးတက်ရရှိရေး၊ လုပ်ငန်းခွင့်ပြဿနာများ ဖြေရှင်းပေးရေး၊ အသက်မွေးဝမ်းကြောင်းလုံခြုံမှုများကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒါပြင် ရခိုင်လူငယ်များ အသက်မွေးဝမ်းကြောင်းပညာရေးနှင့် အဆင့်မြင့်ပညာရေးကို ပိုမိုလက်လှမ်းမှီသင်ယူနိုင်ရေး၊ အနာဂတ်ခေါင်းဆောင်ကောင်းများ ကဏ္ဍစုံမှာ ပေါ်ပေါက်လာရေးအတွက် ဦးဆောင်မှုအခန်းကဏ္ဍများကို ထုတ်ဖော်လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
ဒေါ်ထုမေသည် လက်ရှိတွင် အမျိုးသားလွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီး နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Share this post