• Follow Us on

Home ရန်ကုန်အတွက် Liquid Oxygen သယ်ဆောင်သည့်ယာဉ် ၁၅ စီး ထပ်မံရောက်ရှိမည်ဖြစ်ပြီး အလှူရှင် မရှိတော့ပါက တိုင်းအစိုးရမှ ဝယ်ယူဖြည့်တင်းပေးသွားမည်

ရန်ကုန်အတွက် Liquid Oxygen သယ်ဆောင်သည့်ယာဉ် ၁၅ စီး ထပ်မံရောက်ရှိမည်ဖြစ်ပြီး အလှူရှင် မရှိတော့ပါက တိုင်းအစိုးရမှ ဝယ်ယူဖြည့်တင်းပေးသွားမည်

Share this post

ရန်ကုန်၊ သြဂုတ် ၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအတွက် Liquid Oxygen တစ်စီးလျှင် ၂၅ တန်ပါသည့် ယာဉ် ၁၅ စီး ထပ်မံရောက်ရှိ မည်ဖြစ်ပြီး အလှူရှင်များ မရှိတော့ပါက တိုင်းအစိုးရမှ ဝယ်ယူဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက သူ၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားသည်။

 

“တစ်နေ့က ကိုးကန့်လူမှုကူညီရေးအသင်းက ၂၅ တန်တစ်စီး၊ မနေ့ညက ယူနန်ပြည်နယ် လူမှုကူညီရေး အသင်းက ၂၅ တန်တစ်စီး ရောက်ရှိလာပါပြီ။ မနက်ဖြန်မှာလည်း အောင်ကန်ဘို ဆိုင်ကယ်ရောင်းဝယ်ရေးက လှူတဲ့ ၂၅ တန် ၂ စီး ထပ်ရောက်လာပါအုံးမယ်။ အလှူရှင်တွေ လှူဒါန်းတဲ့ ကားအားလုံး ၁၅ စီးရောက်လာဖို့ သေချာသွားပါပြီ။ အလှူရှင်ကားတွေမရှိတော့ရင်လည်း လိုအပ်ရင်ကျွန်တော်တို့အစိုးရအနေနဲ့ ဝယ်ယူဖြည့် တင်းပေးပါ့မယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ပြောဆိုထားသည်။

 

ရန်ကုန်ဆေးရုံကြီးများတွင် သုံးစွဲရန် ကျန်းမာရေးသုံး liquid Oxygen များပေးသွင်းသည့် ကုမ္ပဏီများထံမှ တင်ဒါစနစ်နှင့် ပုံမှန်ဖြည့်တင်းဝယ်ယူထားကြောင်း၊ ရန်ကုန်တွင် katajima Co;Ltd က နေ့စဉ်ပေးသွင်းနိုင်သည့် liquid oxygen က ၁၃ တန်သာရှိသော်လည်း ရန်ကုန်တွင် ကိုဗစ် ၁၉ လူနာတွေများလာသည့်အတွက် တစ် ရက်လျှင် liquid oxygen ၂၁ တန်လိုလာကြောင်း၊ သို့ဖြစ်၍  တစ်ဖက်နိုင်ငံကဝယ်ယူရန် စီစဉ်ခဲ့ကြောင်း သိရ သည်။

 

လက်ရှိ ရန်ကုန်တိုင်းအစိုးရအနေနှင့် liquid oxygen အရည်တန် ၂၀ ထည့်နိုင်သည့် ISO Tank အသစ် ၃ လုံး ဝယ်ယူခဲ့ကြောင်း၊ ဘေးကင်းမှုနှင့် ကျန်းမာရေးသုံးရန် သင့်လျော်ကြောင်း စစ်ဆေးခွင့်ပြုချက်များလည်း လုပ် ဆောင်ပြီးဖြစ်ကြောင်း ယနေ့ ISO Tank အသစ်တစ်လုံး အရည်အပြည့်သယ်ဆောင်ပြီး မြဝတီနယ်စပ်က ရန်ကုန်ကို သယ်ဆောင်လာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက သူရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ရေးထားသည်။

 

#PeopleMedia #COVID19 #အောက်ဆီဂျင်

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post