• Follow Us on

Home ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး၌ ရပ်တန့်စစ်ဆေးခြင်းကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးသည့် ဆိုင်ကယ်တစ်စီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး၌ ရပ်တန့်စစ်ဆေးခြင်းကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးသည့် ဆိုင်ကယ်တစ်စီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ (People Media)

 

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင် ထွက်ပေါက်အနီး၌ ရပ်တန့်စစ်ဆေးခြင်းကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးသည့် ဆိုင်ကယ်တစ်စီး  ပစ် ခတ်ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ လေဆိပ်အဝင်လမ်းနှင့် လေဆိပ်လမ်းသွယ် (၁) လမ်းတွင် အမျိုး သားတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ကို သက်ဆိုင်ရာက စစ်ဆေးရန် တားဆီးခဲ့သည်။ သို့သော် ဆိုင် ကယ်မောင်းနှင်သူသည် စစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးခြင်းကြောင့် သက်ဆိုင်ရာက လိုက်လံပစ်ခတ် ဖမ်းဆီးရာ ၉ မိုင် မီးပွိုင့်အနီးတွင် အသက်ရှင်လျက် ဖမ်းဆီးခြင်းခံခဲ့ရသည်။

 

“မနက်က ဆိုင်ကယ်တစ်စီးကို လိုက်ပြီးတော့ ဖမ်းဆီးတာတော့ တွေ့လိုက်တယ်။ သေနတ်ပစ်တာထိသွားလို့ လားတော့မသိဘူး။ ၉ မိုင် မီးပွိုင့်နားမှာ ဖမ်းမိသွားတယ်။ လူကတော့ မသေပါဘူး” လို့ ဒေသခံတစ်ဦးက ပြော သည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦးမစီးရန်နှင့် စစ်ဆေးရာ၌ လိုက်နာခြင်းမရှိလျှင် ပစ်ခတ်ဖမ်းဆီးသွားရန် သက်ဆိုင်ရာက ညွှန်ကြားထားသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စည်ပင်နယ်နမိတ်ဧရိယာသည် ဆိုင်ကယ်စီးနင်းခွင့် ခွင့်ပြုထားခြင်းမရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်က ထုတ်ပြန်ထားသည်။

 

Photo – ပုံအဟောင်း ပြန်လည်အသုံးပြုထားသည်။

 

#PeopleMedia #မင်္ဂလာဒုံမြို့နယ် #ရန်ကုန်မြို့တော်စည်ပင်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post