• Follow Us on
Latest News

Home ရန္ကုန္ေလဆိပ္တြင္ တ႐ုတ္ေလေၾကာင္းလိုင္းျဖင့္ လုိက္ပါသည့္ တ႐ုတ္ႏိုင္ငံသားတစ္ဦးကုိ ၀ူဟန္ဗိုင္းရပ္စ္ သံသယျဖင့္ ေ၀ဘာဂီသုိ႔ပို႔ေဆာင္

ရန္ကုန္ေလဆိပ္တြင္ တ႐ုတ္ေလေၾကာင္းလိုင္းျဖင့္ လုိက္ပါသည့္ တ႐ုတ္ႏိုင္ငံသားတစ္ဦးကုိ ၀ူဟန္ဗိုင္းရပ္စ္ သံသယျဖင့္ ေ၀ဘာဂီသုိ႔ပို႔ေဆာင္

Share this post

ရန္ကုန္၊ ဇန္န၀ါရီ – ၃၁

ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္တြင္ တ႐ုတ္ China Southern ေလေၾကာင္းလို္င္းျဖင့္ လိုက္ပါလာသည့္ တ႐ုတ္ႏိုင္ငံသားတစ္ဦးကို ဝူဟန္ဗိုင္းရပ္စ္သံသယျဖင့္ ေျမာက္ဥကၠလာေ၀ဘာဂီေဆး႐ုံသို႔ ပို႔ေဆာင္လိုက္ ေၾကာင္း မဂၤလာဒံုၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္း၀င္းကေျပာသည္။

အသက္ ၅၅ ႏွစ္အရြယ္ရွိ အဆိုပါ တ႐ုတ္ႏိုင္ငံသားအမ်ိဳးသားသည္ ဖ်ားနာျခင္း၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ မွာ ေရာဂါလကၡဏာမ်ားရွိေနျခင္းစသည့္အခ်က္မ်ားေၾကာင့္ ဝူဟန္ဗိုင္းရပ္စ္သံသယျဖင့္ ေ၀ဘာဂီေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ျခင္းလည္းျဖစ္သည္။

ဝူဟန္ဗိုင္းရပ္စပ္သံသယရွိ တ႐ုတ္ႏိုင္ငံသားကို ေဆးစစ္ခ်က္မ်ားရယူၿပီး ထိုင္းႏိုင္ငံကို ဆက္လက္ပို႔ေဆာင္သြား မည္ျဖစ္ၿပီး ၎ႏွင့္အတူလိုက္ပါလာသည့္ခရီးသည္မ်ားကို မည္သို႔ေဆာင္ရြက္မည္မသိရွိရေသးေပ။

ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ျပည္တြင္းအမ်ိဳးသားက်န္းမာေရးဓါတ္ခြဲခန္းမ်ားတြင္ စစ္ေဆးရန္လိုအပ္ သည့္ ပစၥည္းမ်ားအစံုအလင္မရွိတာေၾကာင့္ ဝူဟန္ဗိုင္းရပ္စ္ကို မစစ္ေဆးႏိုင္ေသးေၾကာင္း ကူးစက္ေရာဂါတိုက္ ဖ်က္ေရးဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမွဴးေဒါက္တာခင္ခင္ႀကီးက ဝူဟန္ဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေျပာၾကားခဲ့သည္။

#PeopleMedia

(Unicode)
ရန်ကုန်လေဆိပ်တွင် တရုတ်လေကြောင်းလိုင်းဖြင့် လိုက်ပါသည့် တရုတ်နိုင်ငံသားတစ်ဦးကို ဝူဟန်ဗိုင်းရပ်စ် သံသယဖြင့် ဝေဘာဂီသို့ပို့ဆောင်
………………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၃၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ် China Southern လေကြောင်းလို်င်းဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသားတစ်ဦးကို ဝူဟန်ဗိုင်းရပ်စ်သံသယဖြင့် မြောက်ဥက္ကလာဝေဘာဂီဆေးရုံသို့ ပို့ဆောင်လိုက် ကြောင်း မင်္ဂလာဒုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကပြောသည်။

အသက် ၅၅ နှစ်အရွယ်ရှိ အဆိုပါ တရုတ်နိုင်ငံသားအမျိုးသားသည် ဖျားနာခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ မှာ ရောဂါလက္ခဏာများရှိနေခြင်းစသည့်အချက်များကြောင့် ဝူဟန်ဗိုင်းရပ်စ်သံသယဖြင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

ဝူဟန်ဗိုင်းရပ်စပ်သံသယရှိ တရုတ်နိုင်ငံသားကို ဆေးစစ်ချက်များရယူပြီး ထိုင်းနိုင်ငံကို ဆက်လက်ပို့ဆောင်သွား မည်ဖြစ်ပြီး ၎င်းနှင့်အတူလိုက်ပါလာသည့်ခရီးသည်များကို မည်သို့ဆောင်ရွက်မည်မသိရှိရသေးပေ။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်တွင်းအမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းများတွင် စစ်ဆေးရန်လိုအပ် သည့် ပစ္စည်းများအစုံအလင်မရှိတာကြောင့် ဝူဟန်ဗိုင်းရပ်စ်ကို မစစ်ဆေးနိုင်သေးကြောင်း ကူးစက်ရောဂါတိုက် ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့သည်။

#PeopleMedia


Share this post