• Follow Us on

Home ရန်ကုန်လေဆိပ် Maintenance Engineer တာဝန်မှ နုတ်ထွက်ပြီး နေအိမ်၌ ဈေးရောင်းချနေသည့် အမျိုးသား တစ်ဦးကို ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံ

ရန်ကုန်လေဆိပ် Maintenance Engineer တာဝန်မှ နုတ်ထွက်ပြီး နေအိမ်၌ ဈေးရောင်းချနေသည့် အမျိုးသား တစ်ဦးကို ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံ

Share this post

ရွှေပြည်သာ၊ စက်တင်ဘာ ၂၁ (People Media)

 

ရန်ကုန်လေဆိပ် Maintenance Engineer တာဝန်မှ နုတ်ထွက်ပြီး နေအိမ်၌ ဈေးရောင်းချနေသည့် အမျိုးသား တစ်ဦးကို ဒလန်ဟု စွပ်စွဲပြီး လုပ်ကြံမှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

အဆိုပါ လုပ်ကြံခံရသူသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ နေထိုင်သူတစ်ဦးဖြစ်တယ်။

 

အဆိုပါ အမျိုးသားသည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် နေအိမ်၌ ရှိနေစဉ် သေနတ်သမားများက ခြံထဲဝင် ရောက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

 

အစ်ကိုဖြစ်သူ လုပ်ကြံခံရခြင်းနှင့်ပတ်သက်၌ ညီဖြစ်သူက “ကျွန်တော့်အစ်ကို အရင်က လေဆိပ်မှာ Mainten ance Engineer လုပ်တာပါ။ ခုတော့ အလုပ်ထွက်ပြီး အိမ်မှာပဲ ဆန်တွေဆီတွေ ရောင်းပြီးနေတာပါ။ ဘယ် ရဲ စစ်တပ်နဲ့မှလည်း အဆက်အစပ်မရှိသလို ဘယ်သူ့ကိုမှလည်း သတင်းတွေ ပေးမနေခဲ့ပါဘူး။ ကိုယ်ဘာသာ အေးဆေးနေတာပါ။ ဘယ်ကောင်တွေက ဒလန်လို့ သတင်းပေးလိုက်လဲတော့မသိဘူး။ အိမ်မှာနေနေရင်း ပစ်ခံရတာ တံခါးဝနားက ဆိုဖာမှာ အစ်ကိုက ထိုင်နေတာ အဲ့တာကိုခြံထဲဝင်ပြီး လာပစ်သွားတာ။ SPT PDF က လည်း သူတို့ပစ်တာ မဟုတ်ဖူးလို့တင်ထားတာတွေ့တယ်။ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ – ရွှေပြည်သာမြို့နယ် ကလည်း သူတို့နဲ့ မသက်ဆိုင်ပါဘူးဆိုပြီး ပြောပါတယ်။ ဒါဆို ကျွန်တော့အစ်ကိုကို ပစ်တာ ဘယ်သူများလဲ။ မေးရိုးကနေ ပေါက်ဝင်ပြီး လည်ပင်းကနေ ကျည်ထွက်သွားတာပါ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ ပါဘူး” လို့ ၎င်းက ရှင်းလင်းထားပါတယ်။

 

ပြီးခဲ့တဲ့လများအတွင်းကလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ဒလန်ဟုဆိုကာ ပစ်ခတ်ခဲ့မှုကြောင့် ဦးဇင်း တစ်ပါးရဲ့ မိခင်သေဆုံးမှုများလည်း ရှိခဲ့ပါတယ်။

 

#PeopleMedia #ရွှေပြည်သာ #ဒလန်ဟုစွပ်စွဲခံရသူ

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post