• Follow Us on

Home ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနများအားလုံး ပုံမှန်အချိန်ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနများအားလုံး ပုံမှန်အချိန်ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်

Share this post

ရန်ကုန်၊ မတ် ၃

 

ခေတ္တပိတ်ထားသော အထူးကုပြင်ပလူနာဌာနများအပါအဝင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာ ဌာနများအားလုံး ပုံမှန်အချိန်ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်ထားကြောင်း ရန်ကုန်ဆေးရုံကြီးမှ ထုတ်ပြန်ထား သည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနများမှ ဆရာဝန်ကြီးများ၊ ဆရာမများနှင့် ကျန်းမာရေးဝန် ထမ်းများ ကိုဗစ် ၁၉ ရောဂါ ခံစားနေရသဖြင့် ၎င်းဌာနများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ခေတ္တပိတ်ထား ခဲ့ရသော်လည်း ယခုအခါ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်လအတွင်း နှလုံးအထူးကုဌာနအပါအဝင် ဌာနတစ်ချို့ ပိတ်ထားခဲ့ရသော်လည်း အခြားအထူးကုပြင်ပ လူနာဌာနများနှင့် အရေးပေါ်လူနာများအား ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 

#PeopleMedia


Share this post