• Follow Us on

Home ရန္ကုန္၌ ထိုင္းကုမၸဏီတစ္ခု ကန္ေဒၚလာ သန္း ၃၀၀ နီးပါး ရင္းႏွီးျမႇဳပ္ႏွံကာ စက္မႈဇုန္ တည္ေထာင္မည္

ရန္ကုန္၌ ထိုင္းကုမၸဏီတစ္ခု ကန္ေဒၚလာ သန္း ၃၀၀ နီးပါး ရင္းႏွီးျမႇဳပ္ႏွံကာ စက္မႈဇုန္ တည္ေထာင္မည္

Share this post

ရန္ကုန္

၂၀၂၀၊ ေဖေဖၚဝါရီ ၉

ထိုင္းကုမၸဏီ တစ္ခု ျဖစ္သည့္ Yangon Amata Smart and Eco City ကုမၸဏီက ရန္ကုန္၌ စက္မႈဇုန္တစ္ခု တည္ေထာင္ရန္ အေမရိကန္ေဒၚလာ သန္း ၃၀၀ နီးပါး ရင္းႏွီးျမႇဳပ္ႏွံမည္ ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။

Amata Group ျဖစ္သည့္ Yangon Amata Smart and Eco City Ltd မွ Development and Operation of Smart and Eco City and Related Businesses က႑ကို ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္းၿမိဳ႕နယ္၊ ေလးေထာင့္ကန္အနီးရွိ ေျမဧရိယာ ၂၀၀၀ ဧကတြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ သန္း ၂၇၄ ဒႆမ ၆၈၀ ကို ရင္းႏွီး ျမႇဳပ္ႏွံထားျခင္း ျဖစ္ေၾကာင္း ယင္းဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔စင္လြင္က ေျပာသည္။

“ဒါက MIC ရဲ႕ ခြင့္ျပဳခ်က္ လုပ္ငန္းျဖစ္တယ္။ Amata ကုမၸဏီဟာ ယာဉ္နဲ႔ပတ္သက္တဲ့ လုပ္ငန္းေတြ၊ စက္မႈလုပ္ငန္းေတြမွာ ထင္ရွားပါတယ္။ ေနာက္တစ္ခါ Vocational Training ေပးတာလည္း ေက်ာ္ေဇာပါတယ္၊ အခု ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာ လုပ္မယ့္ ပေရာဂ်က္မွာလည္း Vocational Training Center ေတြ ပါမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အားနည္းေနတဲ့ Skilled Labour Sector မွာ တိုးတက္လာမယ့္ အခြင့္အေရးလည္း ရွိမယ္လို႔ ကြၽန္ေတာ္တို႔ သုံးသပ္ပါတယ္” ဟု ၎က ေျပာသည္။

အဆိုပါ ကုမၸဏီသည္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိသည္မွာ တစ္ ႏွစ္ေက်ာ္ ရွိၿပီ ျဖစ္ေသာ္လည္း MIC အေနျဖင့္လုပ္ငန္းခြင့္ျပဳေပးရန္အတြက္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ႏိုင္ျခင္း ရွိ၊ မရွိ အေျခအေနမ်ားကို ေသခ်ာစြာ စိစစ္ေနျခင္းေၾကာင့္ ယခုအခ်ိန္မွသာ ခြင့္ျပဳေပးရျခင္း ျဖစ္သည္ဟု ဆိုသည္။

“ဒီ Amata ရဲ႕ ပေရာဂ်က္က အမွန္အတိုင္း ေျပာရရင္ ဒီ MIC ရဲ႕ ၂၀၁၃ ၊၂၀၁၄ ေလာက္ကတည္းက လာဖို႔၊ ကြၽန္ေတာ္တို႔ တင္ဖို႔၊ ဒါေပမယ့္ အေထာက္အထားေတြ ေျမေနရာေတြ သဘာဝ ပတ္ဝန္းက်င္ အေျခအေနေတြ၊ သူတို႔ရဲ႕ လုပ္ကိုင္တဲ့ စိမ္းလန္းစိုေျပမႈ၊ လမ္း၊ ေရ ၊ Waves Water Treatment ဒီစနစ္ေတြ ျပည့္စုံခိုင္လုံမႈ ရွိ၊ မရွိ ကြၽန္ေတာ္တို႔က ဘက္ေပါင္းစုံကေန စိစစ္ေနတာေၾကာင့္ပါ” ဟု ၎က ေျပာသည္။

Yangon Amata Smart & Eco City စီမံကိန္း ေဆာင္ရြက္ရန္အတြက္ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရး ဦးစီးဌာနႏွင့္ Amata Corporation Public Co,.Ltd. တို႔၏ စီမံကိန္း Framework Agreement လက္မွတ္ေရးထိုး သေဘာတူ စာခ်ဳပ္ကို ၿပီးခဲ့သည့္ ျသဂုတ္လ ၂၂ ရက္က ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕႐ုံး၌ ခ်ဳပ္ဆိုခဲ့ျခင္း ျဖစ္သည္။

ထို Amata Group ကို ၁၉၉၅ ခုႏွစ္က ထိုင္းႏိုင္ငံတြင္ စတင္တည္ေထာင္ခဲ့ၿပီး Amata Corporation သည္ ၁၉၉၇ ခုႏွစ္ကတည္းက ထိုင္းႏိုင္ငံ Stock Exchange တြင္ စာရင္းဝင္ ကုမၸဏီတစ္ခု ျဖစ္ေၾကာင္း သိရသညိ။
ထို႔ျပင္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ ႀကီးမားသည့္ လုပ္ငန္းမ်ား ဆက္လက္ ဝင္ေရာက္ရန္ အလားအလာရွိေၾကာင္း ဦးသန္႔စင္လြင္က ေျပာသည္။

ျမန္မာႏိုင္ငံသည္ ေလဘာခ သက္သာျခင္းအျပင္ ႏိုင္ငံ၏ အလားအလာေကာင္းမ်ား ရွိျခင္းတို႔ေၾကာင့္ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ား အေနျဖင့္ ၎တို႔၏ စီးပြားေရး လုပ္ငန္းမ်ားကို ေရႊ႕ရန္ အစီအစဉ္ ဆြဲေနေၾကာင္း သိရသည္။

“ဒီႏွစ္ထဲ ပမာဏႀကီးတဲ့ လုပ္ငန္းေတြ ဆက္ၿပီး ဝင္ဖို႔ အလားအလာ ရွိပါတယ္၊ အဆင္သင့္ရွိတယ္၊ ဒါေပမယ့္ ခုန ကြၽန္ေတာ္ေျပာတဲ့ အဆင့္ဆင့္ကို စိစစ္ေနတာ၊ ကြၽန္ေတာ္တို႔ Responsible Business ကို ေတာ္ေတာ္ေလး ဂ႐ုစိုက္ၿပီး ၾကည့္ေနလို႔ပါ”ဟု ဦးသန္႔စင္လြင္က ေျပာသည္။

ယင္းသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းႀကီးမ်ား ဆက္လက္ ဝင္ေရာက္ရန္ အလားအလာရွိေသာ လုပ္ငန္းမ်ားမွာ Oil and Gas၊ လယ္ယာက႑၊ သတၳဳက႑၊ စက္မႈဇုန္က႑ႏွင့္ Industrial Estate ေခါင္းစဉ္ျဖင့္ လုပ္ငန္းမ်ိဳးစုံ ပါဝင္ေၾကာင္း သိရသည္။

ခိုင္ဇာ

#peoplemedia

(unicode)
ရန်ကုန်၌ ထိုင်းကုမ္ပဏီတစ်ခု ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ရင်းနှီးမြှုပ်နှံကာ စက်မှုဇုန်တည်ထောင်မည်
………………………………………………………………………………..
ရန်ကုန်

၂၀၂၀၊ ဖေဖေါ်ဝါရီ ၉

ထိုင်းကုမ္ပဏီ တစ်ခု ဖြစ်သည့် Yangon Amata Smart and Eco City ကုမ္ပဏီက ရန်ကုန်၌ စက်မှုဇုန်တစ်ခု တည်ထောင်ရန် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Amata Group ဖြစ်သည့် Yangon Amata Smart and Eco City Ltd မှ Development and Operation of Smart and Eco City and Related Businesses ကဏ္ဍကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်၊ လေးထောင့်ကန်အနီးရှိ မြေဧရိယာ ၂၀၀၀ ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၇၄ ဒဿမ ၆၈၀ ကို ရင်းနှီး မြှုပ်နှံထားခြင်း ဖြစ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

“ဒါက MIC ရဲ့ ခွင့်ပြုချက် လုပ်ငန်းဖြစ်တယ်။ Amata ကုမ္ပဏီဟာ ယာဉ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေမှာ ထင်ရှားပါတယ်။ နောက်တစ်ခါ Vocational Training ပေးတာလည်း ကျော်ဇောပါတယ်၊ အခု ကျွန်တော်တို့ မြန်မာပြည်မှာ လုပ်မယ့် ပရောဂျက်မှာလည်း Vocational Training Center တွေ ပါမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အားနည်းနေတဲ့ Skilled Labour Sector မှာ တိုးတက်လာမယ့် အခွင့်အရေးလည်း ရှိမယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ရောက်ရှိသည်မှာ တစ် နှစ်ကျော် ရှိပြီ ဖြစ်သော်လည်း MIC အနေဖြင့်လုပ်ငန်းခွင့်ပြုပေးရန်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်း ရှိ၊ မရှိ အခြေအနေများကို သေချာစွာ စိစစ်နေခြင်းကြောင့် ယခုအချိန်မှသာ ခွင့်ပြုပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီ Amata ရဲ့ ပရောဂျက်က အမှန်အတိုင်း ပြောရရင် ဒီ MIC ရဲ့ ၂၀၁၃ ၊၂၀၁၄ လောက်ကတည်းက လာဖို့၊ ကျွန်တော်တို့ တင်ဖို့၊ ဒါပေမယ့် အထောက်အထားတွေ မြေနေရာတွေ သဘာဝ ပတ်ဝန်းကျင် အခြေအနေတွေ၊ သူတို့ရဲ့ လုပ်ကိုင်တဲ့ စိမ်းလန်းစိုပြေမှု၊ လမ်း၊ ရေ ၊ Waves Water Treatment ဒီစနစ်တွေ ပြည့်စုံခိုင်လုံမှု ရှိ၊ မရှိ ကျွန်တော်တို့က ဘက်ပေါင်းစုံကနေ စိစစ်နေတာကြောင့်ပါ” ဟု ၎င်းက ပြောသည်။

Yangon Amata Smart & Eco City စီမံကိန်း ဆောင်ရွက်ရန်အတွက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် Amata Corporation Public Co,.Ltd. တို့၏ စီမံကိန်း Framework Agreement လက်မှတ်ရေးထိုး သဘောတူ စာချုပ်ကို ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ထို Amata Group ကို ၁၉၉၅ ခုနှစ်က ထိုင်းနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး Amata Corporation သည် ၁၉၉၇ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ Stock Exchange တွင် စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသညိ။
ထို့ပြင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားသည့် လုပ်ငန်းများ ဆက်လက် ဝင်ရောက်ရန် အလားအလာရှိကြောင်း ဦးသန့်စင်လွင်က ပြောသည်။

မြန်မာနိုင်ငံသည် လေဘာခ သက်သာခြင်းအပြင် နိုင်ငံ၏ အလားအလာကောင်းများ ရှိခြင်းတို့ကြောင့် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ရွှေ့ရန် အစီအစဉ် ဆွဲနေကြောင်း သိရသည်။

“ဒီနှစ်ထဲ ပမာဏကြီးတဲ့ လုပ်ငန်းတွေ ဆက်ပြီး ဝင်ဖို့ အလားအလာ ရှိပါတယ်၊ အဆင်သင့်ရှိတယ်၊ ဒါပေမယ့် ခုန ကျွန်တော်ပြောတဲ့ အဆင့်ဆင့်ကို စိစစ်နေတာ၊ ကျွန်တော်တို့ Responsible Business ကို တော်တော်လေး ဂရုစိုက်ပြီး ကြည့်နေလို့ပါ”ဟု ဦးသန့်စင်လွင်က ပြောသည်။

ယင်းသို့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဆက်လက် ဝင်ရောက်ရန် အလားအလာရှိသော လုပ်ငန်းများမှာ Oil and Gas၊ လယ်ယာကဏ္ဍ၊ သတ္ထုကဏ္ဍ၊ စက်မှုဇုန်ကဏ္ဍနှင့် Industrial Estate ခေါင်းစဉ်ဖြင့် လုပ်ငန်းမျိုးစုံ ပါဝင်ကြောင်း သိရသည်။

ခိုင်ဇာ

#peoplemedia


Share this post