• Follow Us on

Home ရန်ကုန်၌ ဆေးဝါးများ ဈေးနှုန်းမှန်ကန်စွာဝယ်ယူနိုင်ရန် ဆေးဝါး လက်လီ/လက်ကား ရောင်းချပေးသည့် အရောင်းဆိုင် ပြခန်း (၁) နှင့် (၂) ကို တစ်ပတ်လျှင် (၅) ရက် ဖွင့်လှစ်ရောင်းချနေ

ရန်ကုန်၌ ဆေးဝါးများ ဈေးနှုန်းမှန်ကန်စွာဝယ်ယူနိုင်ရန် ဆေးဝါး လက်လီ/လက်ကား ရောင်းချပေးသည့် အရောင်းဆိုင် ပြခန်း (၁) နှင့် (၂) ကို တစ်ပတ်လျှင် (၅) ရက် ဖွင့်လှစ်ရောင်းချနေ

Share this post

နေပြည်တော်၊ သြဂုတ် ၂၄ (People Media)

 

ရန်ကုန်မြို့တွင် ဆေးဝါများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ရန် ဆေးဝါး လက်လီလက်ကား ရောင်းချပေးသည့် အရောင်းပြခန်း (၁) နှင့် (၂) ကို တစ်ပတ် (၅) ရက် ဖွင့်လှစ်ရောင်းချနေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေး ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

ဆေးနှင့် ဆေးပစ္စည်းတင်သွင်းသည့်ကုမ္ပဏီများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများအား အများပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်စေရန်အတွက် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ တနင်္လာနေ့မှ သောကြာနေ့များအတွင်း နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ အောက်ဖော်ပြပါ ပြခန်း(၁) နှင့် (၂) တို့၌ ဖွင့်လှစ်ပြသရောင်းချပေးလျှက်ရှိပါကြောင်း သိရသည်။

 

အရောင်းပြခန်း(၁)ကို အမှတ်-၁၀၄/၁၀၈ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ (ကွင်းကျောင်းမီးပွိုင့်အနီး) အလုံမြို့နယ် ဖွင့်လှစ်ထားပြီး၊ အရောင်းပြခန်း(၂)ကိုတော့ ပန်းဘဲတန်းမြိုနယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ် လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနတွင် ဖွင့်လှစ်ရောင်းချနေလျက်ရှိကြောင်း သိရ သည်။

 

ခင်းကျင်းပြသရောင်းချရာတွင် ဈေးနှုန်းချိုသာသော ကိုဗစ်-၁၉ ကူးစက်ရောဂါကုသရေးဆေးဝါးများ အပါအဝင် အခြားအိမ်သုံးဆေးဝါးများအား ပြည်သူများ လက်လီ/လက်ကား ဝယ်ယူနိုင်ကြစေရန်နှင့် ဈေးကွက်အတွင်း၌ ဆေးနှင့် ဆေးပစ္စည်း ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးနှင့် ပြည်သူ များ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် အိမ်သုံးဆေးဝါးများ လက်လီ/လက်ကား ရောင်းချပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ အရောင်းပြခန်းနှစ်ခုတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဆေးဝါးတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ် (DIAC) ရရှိထားကြသည့် အသင်းဝင်ကုမ္ပဏီများမှ ပြခန်းပေါင်း ၂၀ ကျော်ဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးနှင့် သက်ဆိုင်သော ဆေးဝါးများအပါအဝင် ဆေးအမျိုးအစားပေါင်း ၂၀၀ ကျော်ကို ခင်းကျင်းပြသရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

#PeopleMedia #ဆေးဝါး #COVID19

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 



Share this post