• Follow Us on
Share this post
ရန်ကုန်၊ နိုဝင်ဘာ ၂၄
Photo – Spirits FB
#peoplemedia #spirits
(unicode)
ရန်ကုန်မြို့ရှိ SPIRITS Fashion ဆိုင်မှ ဝနျထမျး ၁၀ ဦးတွင် COVID-19 ပိုးတွေ့၊ ၁၅၄ ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်
………………………………
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် Spirits Fashion Accessories ဆိုင်မှ ဝနျထမျး ၁၀ ဦးတွင် COVID-19 ပိုးတွေ့ရှိရာ ကျန်ဝန်ထမ်း ၁၅၄ ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်အဖြစ်ထားရှိ ကြောင်း ယင်းဆိုင်မှထုတ်ပြန်ကြေညာထားသည်။
အဆိုပါရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသားမှာ နိုဝင်ဘာ ၁၈ ရက်နေ့မှစတင်၍ အနံ့မရရှိသဖြင့် စစ်ဆေး ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့အထိ ဆက်စပ်သူ ၉ ဦးတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
လက်ရှိအချိန်တွင် အဆိုပါဆိုင်ဝန်ထမ်းများအပါအဝင် ၁၅၄ ဦးကို အသွားအလာကန့်သတ်စောင့်ကြည့် နေပြီး ဆိုင်အားပိတ်ထားသည်။
Spirits ဆိုင်သည် ရန်ကုန်မြို့အတွင်းတွင် လူအများဆုံးဝယ်ယူလျက်ရှိသည့် ဆိုင်တစ်ဆိုင်ဖြစ်ပြီး အစည်ကားဆုံးနေရာတွင် ဖွင့်လှစ်ထားသည့်ဆိုင်ဖြစ်သည်။
Photo – Spirits FB
#peoplemedia #spirits
Share this post