• Follow Us on

Home ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်လေယာဉ်သည် လွိုင်ကော်လေဆိပ်အဆင်း၌ KNPP/PDF အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်လေယာဉ်သည် လွိုင်ကော်လေဆိပ်အဆင်း၌ KNPP/PDF အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

Share this post

လွိုင်ကော်၊ ဒီဇင်ဘာ ၂၄ (People Media)

 

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်လေယာဉ်သည် နံနက် ၈း၃၅ မိနစ်အချိန်၌ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် KNPP/PDF အဖွဲ့မှ ၁၀၇ မမ ရှော့တိုက်ဒုံးလေးလုံးဖြင့် ပစ် ခတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ခရီးသည် ၆၄ ဦး တင်ဆောင်လာသော မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာပြီး လွိုင်ကော်လေဆိပ်အဆင်း၌ ဆင်းသက်စဉ် လွိုင်ကော်မြို့ အနောက်ဘက် ဘာဒိုကျေးရွာအနီးနှင့် သင်္ချိုင်းကုန်နေရာတို့မှ KNPP/PDF ပူးပေါင်းအဖွဲ့တို့မှ ၁၀၇ မမ ရှော့ တိုက်ဒုံးလေးလုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

KNPP/PDF ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၄ လုံးသည် လေယာဉ်ကွင်းအနီးသို့ ကျ ရောက်ခဲ့ပြီး လေယာဉ်၊ အဆောက်အဦး၊ လူ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ထို့နောက် မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်သည် ခရီးသည် ၃၈ ဦး ပြန်လည်တင်ဆောင်ပြီး လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ နံနက် ၈း၅၅ မိနစ်အချိန်၌ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက KNPP/PDF အဖွဲ့သည် အများပြည်သူအနေဖြင့် လေယာဉ်စီးနင်းခြင်းမပြုရန် ထုတ်ပြန်မှု ပြုလုပ်ထားသည်။

 

Photo – MAI (ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #KNPP #လွိုင်ကော်လေဆိပ်အဆင်း

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 



Share this post