• Follow Us on

Home ရန်ကုန်မြို့ရှိ စားသုံးသူများဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် ဆီ၊ အသား၊ ငါးနှင့် စားသောက်ကုန်များကို ရွေ့လျားဈေးကားဖြင့် လိုက်လံရောင်းချနေ

ရန်ကုန်မြို့ရှိ စားသုံးသူများဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် ဆီ၊ အသား၊ ငါးနှင့် စားသောက်ကုန်များကို ရွေ့လျားဈေးကားဖြင့် လိုက်လံရောင်းချနေ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၄ (People Media)

 

ရန်ကုန်မြို့ရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ဆီ၊ အသား၊ ငါးနှင့် စား သောက်ကုန်များကို ရွေ့လျားဈေးကားဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

 

စားသုံးသူပြည်သူများ ဈေးသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆီတစ်ပိသာလျှင်  ၃၈၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆန်များကိုလည်း အမျိုးအစားအလိုက် (၁၀၈) ပေါင်တစ်အိတ်လျင် အနည်းဆုံး ၂၄၀၀ဝ ကျပ်မှ အများဆုံး ၅၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

အသားငါးများနှင့် စားသောက်ကုန်များကိုလည်း ချိုသာသည့် ဈေးနှုန်းများဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ရွှေ့လျားဈေးကားဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် တိုင်းအစိုးရ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီများမှ တိုက် ရိုက် ရောင်းချပေးနေလျက်ရှိကြောင်း သိရသည်။

 

လက်ရှိ ရန်ကုန်မြို့ဈေးများတွင် စားသုံးဆီ၊ အသားငါး၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါး ဈေးနှုန်းများ မြင့်တက်လျက်ရှိခြင်းကြောင့် တိုင်းအစိုးရမှ အထက်ပါအတိုင်း စီစဉ်ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

 

Photo – UMFCCI

 

#PeopleMedia #အခြေခံစားသောက်ကုန်

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 

Photo – UMFCCI

 



Share this post