• Follow Us on

Home ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးကို ယနေ့ပြန်လည်ဖွင့်လှစ်ပြီးနောက် လူစုလူဝေးဖြစ်ပေါ်

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးကို ယနေ့ပြန်လည်ဖွင့်လှစ်ပြီးနောက် လူစုလူဝေးဖြစ်ပေါ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများ ပြည်သူရုံးပိတ်ရက်များတွင် ပိတ်ထားခဲ့ရသည့် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးများ ယနေ့ ပြန်လည်ဖွင့် လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ထိုကဲ့သို့ နိုင်ငံကူးလက်မှတ်ရုံးများ ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ရုံး၌ လူစုလူဝေးဖြစ်ပေါ်နေ ကြောင်း သိရှိရသည်။

 

အဆိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးများကို ကိုဗစ်-၁၉ ရောဂါကြောင့်  ပိတ်ထားရသည်မှာ နှစ်လ ကျော်ကြာမြင့်ခဲ့ပြီးနောက် ယနေ့၌ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

စတင်ဖွင့်လှစ်လိုက်သည့်နေ့၌ပင် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ များပြားလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #နိုင်ငံကူးလက်မှတ်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post