• Follow Us on

Home ရန်ကုန်မြို့ရှိ ပန်းခြံနှင့် အားကစားကွင်းများ ပြန်ဖွင့်မည့်အချိန် မခန့်မှန်းနိုင်သေးကြောင်း ရန်ကုန်စည်ပင်ဌာနမှူး ပြောဆို

ရန်ကုန်မြို့ရှိ ပန်းခြံနှင့် အားကစားကွင်းများ ပြန်ဖွင့်မည့်အချိန် မခန့်မှန်းနိုင်သေးကြောင်း ရန်ကုန်စည်ပင်ဌာနမှူး ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်မြို့ရှိ ပန်းခြံနှင့် အားကစားကွင်းများ ပြန်ဖွင့်မည့်အချိန်ကို မခန့်မှန်းနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဌာနမှူး ဦးကိုကိုလင်းကပြောသည်။

အင်းလျားကန်ဘောင်၊ ကန်တော်ကြီး၊ တိရစ္ဆာန်ဥယျာဉ်အပါအဝင် ပန်းခြံများနှင့် အားကစားကွင်းများကို ဒီ ဇင်ဘာ ၂၁ ရက်မှစတင်၍ တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် ပိတ်ပင်ခဲ့သည်။

“ဘယ်တော့ပြန်ဖွင့်မလဲဆိုရင်တော့ လောလောဆယ်တော့ ညွှန်ကြားချက်မရသေးဘူး၊ ညွှန်ကြားချက်ရမှ ပြန်ဖွင့်မယ်” လို့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဌာနမှူး ဦးကိုကိုလင်းကပြောသည်။

အဆိုပါ ပန်းခြံနှင့် ကစားကွင်းများကို မူလက ဒီဇင်ဘာ ၃၁ ရက် ထိပိတ်မည်ဟု ကြေညာခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုးထားသည်။

သက်တမ်းတိုးကာလပြည့်ပါက ပြန်လည်ဖွင့်ပေးနိုင်မူရှိမရှိမှာ မသေချာသေးကြောင်း ဦးကိုကိုလင်းကဆိုသည်။

#PeopleMedia #ရန်ကုန်မြို့တော်စည်ပင်

(unicode)
…………………………………………………….









Share this post