• Follow Us on

Home ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္(၅)ခုတြင္ Community Fever Clinic မ်ား ထပ္မံဖြင့္လွစ္မည္

ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္(၅)ခုတြင္ Community Fever Clinic မ်ား ထပ္မံဖြင့္လွစ္မည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၅

ျပည္သူက်န္းမာေရး ၀န္ေဆာင္မႈေပးနိုင္ရန္ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္(၅)ၿမိဳ႕နယ္တြင္ Community Fever Clinic မ်ား ထပ္မံဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ Community Fever Clinic တာ၀န္ခံ ေဒါက္တာေက်ာ္မင္း ထြန္းက ေျပာသည္။

အဆိုပါ ၿမိဳ႕နယ္တို႔မွာ ဗဟန္း၊ လမ္းမေတာ္၊ ပုဇြန္ေတာင္၊ သဃၤန္းကၽြန္းႏွင့္ စမ္းေခ်ာင္း စသည့္ ၿမိဳ႕နယ္တို႔ ျဖစ္ၿပီး လက္ရွိ ၿမိဳ႕နယ္ (၂၁)ၿမိဳ႕နယ္တြင္ Community Fever Clinic မ်ား ဖြင့့္လွစ္ထားၿပီး ျဖစ္သည္။

“အခုရွိ ရန္ကုန္တိုင္းမွာဆို Community Fever Clinic တစ္၀က္ေလာက္ ရွိေနၿပီေပါ့၊ က်န္တဲ့ၿမိဳ႕နယ္ေတြမွာ Fever Clinic မရွိေတာ့ အနံေပ်ာက္လူနာေတြကို သီးသန႔္ထားတဲ့စင္တာေတြ ဖြင့္လို႔မရဘူးေပါ့၊ Quarantine စင္တာကေတာ့ ရွိေကာင္းရွိမယ္၊ အဲ့ဒါေၾကာင့္ က်န္တဲ့ၿမိဳ႕နယ္ေတြမွာလည္း Fever Clinic ေတြ ထပ္ဖြင့္နိုင္ဖို႔ ႀကိဳးပမ္းေနတာေပါ့” ရန္ကုန္ Community Fever Clinic တာ၀န္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာသည္။

ထို႔အတူ ကြမ္းၿခံကုန္းႏွင့္ ေကာ့မႈးၿမိဳ႕နယ္တို႔ Community Fever Clinic ဒီရက္ပိုင္းအတြင္း ဖြင့္နိုင္ေအာင္ ႀကိဳးပမ္းေနလၽွက္ရွိေၾကာင္း ၎က ထမ္မံေျပာသည္။

ၿမိဳ႕နယ္မ်ားတြင္ Community Fever Clinic မ်ား ထပ္မံဖြင့္လွစ္နိုင္ရန္ ႀကိဳးပမ္းေနသလို ၿမိဳ႕နယ္အလိုက္ Isolation Center မ်ားကို စာသင္ေက်ာင္းမ်ားႏွင့္ ခန္းမမ်ားတြင္ လူဦးေရ ၁၀၀ အထိ ထားရွိနိုင္ရန္ စီစဥ္ ေဆာင္ရြက္ေနလၽွက္ရွိသည္။

ရန္ကုန္ၿမိဳ႕ရွိ Community Fever Clinic မ်ားတြင္ ေအာက္စီဂ်င္က်လူနာ ေမာသည့္လူနာ ဖ်ားသည့္လူနာ အနံေပ်ာက္သည့္လူနာမ်ား လာေရာက္ျပသသူမ်ားေနသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ထုတ္ျပန္ထားသည့္ စည္းကမ္းမ်ားကို အတိအက် လိုက္နာရန္ လိုအပ္ၿပီး၊ မိမိအိမ္ထဲ တြင္ ေနၾကရန္ လိုအပ္ေၾကာင္း ရန္ကုန္ Community Fever Clinic တာ၀န္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ဆိုသည္။

#PeopleMedia #COVID19 #CommunityFeverClinic

(Unicode)
ရန်ကုန်မြို့ရှိ မြို့နယ်(၅)ခုတွင် Community Fever Clinic များ ထပ်မံဖွင့်လှစ်မည်
…………………………………………..

ရန်ကုန်၊ အောက်တိုဘာ – ၅

ပြည်သူကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရန် ရန်ကုန်မြို့ရှိ မြို့နယ်(၅)မြို့နယ်တွင် Community Fever Clinic များ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန် Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်း ထွန်းက ပြောသည်။

အဆိုပါ မြို့နယ်တို့မှာ ဗဟန်း၊ လမ်းမတော်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်းနှင့် စမ်းချောင်း စသည့် မြို့နယ်တို့ ဖြစ်ပြီး လက်ရှိ မြို့နယ် (၂၁)မြို့နယ်တွင် Community Fever Clinic များ ဖွင့့်လှစ်ထားပြီး ဖြစ်သည်။

“အခုရှိ ရန်ကုန်တိုင်းမှာဆို Community Fever Clinic တစ်ဝက်လောက် ရှိနေပြီပေါ့၊ ကျန်တဲ့မြို့နယ်တွေမှာ Fever Clinic မရှိတော့ အနံပျောက်လူနာတွေကို သီးသန့်ထားတဲ့စင်တာတွေ ဖွင့်လို့မရဘူးပေါ့၊ Quarantine စင်တာကတော့ ရှိကောင်းရှိမယ်၊ အဲ့ဒါကြောင့် ကျန်တဲ့မြို့နယ်တွေမှာလည်း Fever Clinic တွေ ထပ်ဖွင့်နိုင်ဖို့ ကြိုးပမ်းနေတာပေါ့” ရန်ကုန် Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

ထို့အတူ ကွမ်းခြံကုန်းနှင့် ကော့မှုးမြို့နယ်တို့ Community Fever Clinic ဒီရက်ပိုင်းအတွင်း ဖွင့်နိုင်အောင် ကြိုးပမ်းနေလျှက်ရှိကြောင်း ၎င်းက ထမ်မံပြောသည်။

မြို့နယ်များတွင် Community Fever Clinic များ ထပ်မံဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသလို မြို့နယ်အလိုက် Isolation Center များကို စာသင်ကျောင်းများနှင့် ခန်းမများတွင် လူဦးရေ ၁၀၀ အထိ ထားရှိနိုင်ရန် စီစဉ် ဆောင်ရွက်နေလျှက်ရှိသည်။

ရန်ကုန်မြို့ရှိ Community Fever Clinic များတွင် အောက်စီဂျင်ကျလူနာ မောသည့်လူနာ ဖျားသည့်လူနာ အနံပျောက်သည့်လူနာများ လာရောက်ပြသသူများနေသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စည်းကမ်းများကို အတိအကျ လိုက်နာရန် လိုအပ်ပြီး၊ မိမိအိမ်ထဲ တွင် နေကြရန် လိုအပ်ကြောင်း ရန်ကုန် Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ဆိုသည်။

#PeopleMedia #COVID19 #CommunityFeverClinic


Share this post