• Follow Us on

Home ရန်ကုန်မြို့ရှိ DENKO စက်သုံးဆီ သိုလှောင်ကန်အနီး၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ၍ တာဝန်ရှိသူများက ရှင်းလင်းနိုင်ခဲ့

ရန်ကုန်မြို့ရှိ DENKO စက်သုံးဆီ သိုလှောင်ကန်အနီး၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ၍ တာဝန်ရှိသူများက ရှင်းလင်းနိုင်ခဲ့

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၁ (People Media)

 

ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီး ပေါ်၌ ဖွင့်လှစ်ထားသော DENKO စက်သုံးဆီအရောင်းဆိုင်ရှိ ဆီသိုလှောင်ကန်အနီး၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးကို ဆိုင်ဝန်ထမ်များက တွေ့ရှိခဲ့၍ တာဝန်ရှိသူများက လာရောက်ရှင်းလင်းခဲ့သည်။

 

DENKO စက်သုံးဆီအရောင်းဆိုင်ရှိ ဆီသိုလှောင်ကန်အနီး၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးသည် M-94 လက်ပစ်ဗုံး အမျိုးအစားဖြစ်ကြောင်း တာဝန်ရှိသူအချို့က အတည်ပြုသည်။

 

ပြီးခဲ့သည့်လပိုင်းကည်း DENKO စက်သုံးဆီဆိုင်အချို့ လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရသည့်ဖြစ်စဉ် ပေါ် ပေါက်ခဲ့သလို ရန်ကုန်မြို့ရှိ ဦးတေဇ ပိုင်ဆိုင်သည့် ထူးစက်သုံးဆီဆိုင်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး ပြည်နယ်အချို့ရှိ စက်သုံးဆီဆိုင်များ တိုက်ခိုက်ဖျက်ဆီးခြင်း ခံနေရသလို ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်(အာရှလမ်းမကြီး)၌ အောက်ဆီဂျင်အရည် သယ်ဆောင်လာသည့် ယာဉ်များ၊ အများပြည်သူနှင့် သက်ဆိုင်သည့်ယာဉ်များ မီးရှို့ဖျက်ဆီးခံရမှုများဖြစ်ပေါ်ခဲ့သလို ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များလည်း သတ်ဖြတ်ခံခဲ့ရသည်။

 

Photo – Credit

 

#PeopleMedia #ရွှေပြည်သာ #Denko #ဆီဆိုင်

 

(unicode)


……………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post