• Follow Us on

Home ရန်ကုန်မြို့တော်ဝန်(ငြိမ်း)ဦးအောင်သိန်းလင်းသည် သူရဦးရွေမန်းဦးဆောင်သော ပါတီထံကူးပြောင်းခဲ့ကြောင်း သတင်းထွက်ပေါ်

ရန်ကုန်မြို့တော်ဝန်(ငြိမ်း)ဦးအောင်သိန်းလင်းသည် သူရဦးရွေမန်းဦးဆောင်သော ပါတီထံကူးပြောင်းခဲ့ကြောင်း သတင်းထွက်ပေါ်

Share this post

ရန်ကုန်၊ စက်တင်ဘာ -၂၅

ရန်ကုန်တိုင်းမြို့တော်ဝန်(ငြိမ်း)ဦးအောင်သိန်းလည်းသည် သူရဦးရွေ မန်းဦးဆောင်သောပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီထံ ကူးပြောင်း ခဲ့ကြောင်း အဆိုပါ ပါတီထံ ထိပ်ပိုင်းခေါင်းဆောင်အချို့က ပြောသည်။

“ဦးအောင်သိန်းလင်း ပါတီကို ရောက်လာပါတယ်။ ထိပ်ပိုင်းရာထူးမှာ ရှိနေပါတယ်”ဟု အဆိုပါ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ကပြောသည်။

ဦးအောင်သိန်းလင်းသည် တပ်မတော်၌ ဗိုလ်မှူးချုပ်ရာထူးအထိ ထမ်း ဆောင်ခဲ့သည်။ အလားတူ ရန်ကုန်မြို့တော်ဝန်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ အထိ ထမ်းဆောင်ခဲ့သည်။ ထိုနောက်၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရရှိခဲ့သည်။

ထိုနောက် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ ဝင် ရောက်ယှဉ်ပြိုင်ရာ ပြိုင်ဘက် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါက်တာစောနိုင်ကို ရှုံးနိမ့်ခဲ့သည်။ ဦးအောင်သိန်းလင်းသည် ပြည်ခိုင်ဖြိုးပါတီ၌ ဗဟိုကော်မတီဝင်အဆင့်အထိ တာဝန်ယူခဲ့သူဖြစ်သည်။

Photo – Credit


Share this post