• Follow Us on

Home ရန်ကုန်မြို့၊ ဒညင်းကုန်းဈေးအနီး ရထားသံလမ်းတံတားအနီး၌ ရထားနောက်ဆုံးတွဲ မိုင်းခွဲခံရ၍ ရထားနှင့် တံတား အနည်းငယ်ပျက်စီး

ရန်ကုန်မြို့၊ ဒညင်းကုန်းဈေးအနီး ရထားသံလမ်းတံတားအနီး၌ ရထားနောက်ဆုံးတွဲ မိုင်းခွဲခံရ၍ ရထားနှင့် တံတား အနည်းငယ်ပျက်စီး

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒညင်းကုန်း ကုန်စိမ်းဈေးအနီး၊ ရထားသံလမ်းတံတားအနီး၌ ရထားနောက်ဆုံးတွဲ မိုင်းခွဲခံရ၍ ရထားနှင့် တံတားအနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသခံအချို့ထံမှ သိရပါတယ်။

 

“ရထားက ဘူတာကနေအထွက် ရထားသံလမ်းကူးတံတားမှာ ဖောက်ခွဲခံရတာ။ ရထားရဲ့ ခေါင်းပိုင်းနဲ့ ကိုယ်ထည်ကို ထိတာ မဟုတ်ဘူး။ နောက်ဆုံးတွဲကို ထိတာ။ သံလမ်းရယ် ရထားရယ် အနည်းငယ် ပျက်စီး သွားတယ်။ ဒညင်းကုန်းနဲ့ အင်းစိန်ပြေးဆွဲတဲ့ရထားလို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မော်လမြိုင်အပါအဝင် ပြည်နယ်အချို့၌ ရထားသံလမ်းများ၊ သံလမ်းကူးတံတားများ မိုင်းခွဲဖျက်ဆီးခံရမှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

Photo – credit (ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #မြန်မာ့မီးရထား

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post