• Follow Us on

Home ရန်ကုန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ရပ်ထားသည့် လုံခြုံရေးယာဉ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားရာ နှစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ရပ်ထားသည့် လုံခြုံရေးယာဉ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားရာ နှစ်ဦး ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁) ရှေ့တွင် ရပ်ထားသော လုံခြုံရေးယာဉ်တစ်စီးအနီး၌ လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁) ရှေ့တွင် တရုတ်နိုင်ငံ ထုတ် Faw တံဆိပ် လုံခြုံရေးတပ်ဖွဲ့ယာဉ်အနီးမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

“မနက်က ဖြစ်တာ လမ်းသွားလမ်းလာ အဖွားတစ်ယောက်နဲ့ အဲ့ဒီနားမှာ အလုပ်လုပ်တဲ့သူ ဦးလေးကြီး တစ် ယောက် ဒဏ်ရာရတယ် မနက်က ဆေးရုံကားနဲ့တင်သွားတာတော့ တွေ့လိုက်တယ်” ဟု ကျောက်တံတားမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း၌ ရန်ကုန်၊ မန္တလေးမြို့ပေါ်၌ မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လျက်ရှိ သည်။

 

Photo – CJ

 

#PeopleMedia #ရန်ကုန် #မြန်မာစီးပွားရေးဘဏ်

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – CJ

 



Share this post