• Follow Us on
Latest News

Home ရန်ကုန်မြို့၊ မြို့ပတ်ရထားပေါ်၌ ရဲတပ်ဖွဲ့ဝင် (၄) ဦးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့်အဖွဲ့မှ အဖွဲ့ဝင် (၄) ဦးဖမ်းမိ၊ ဖမ်းဆီးခံရသည့် (၄) ဦးအနက် တစ်ဦးသည် တပ်မတော်မိသားစုဝင် တစ်ဦးပါဝင်နေ

ရန်ကုန်မြို့၊ မြို့ပတ်ရထားပေါ်၌ ရဲတပ်ဖွဲ့ဝင် (၄) ဦးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့်အဖွဲ့မှ အဖွဲ့ဝင် (၄) ဦးဖမ်းမိ၊ ဖမ်းဆီးခံရသည့် (၄) ဦးအနက် တစ်ဦးသည် တပ်မတော်မိသားစုဝင် တစ်ဦးပါဝင်နေ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၄ (People Media)

 

ရန်ကုန်မြို့၊ မြို့ပတ်ရထားပေါ်၌ ရဲတပ်ဖွဲ့ဝင် (၄) ဦးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့်အဖွဲ့မှ အဖွဲ့ဝင် (၄) ဦးကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသည့် (၄) ဦးအနက် တစ်ဦးသည် တပ်မ တော်အသိုင်းအဝိုင်းမှ တပ်မတော်မိသားစုဝင်တစ်ဦး ပါဝင်နေကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သိရပါ တယ်။

 

လက်ရှိအချိန်၌ ဖမ်းဆီးခံထားရသည့် (၄) ဦးနှင့် ဆက်စပ်သူများကို လုံခြုံရေးအဖွဲ့များက ဆက်လက်ဖော်ထုတ် လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်ပြီး ယူဆောင်သွားသည့် လက်နက်နှင့် ၎င်းတို့ အသုံးပြုခဲ့သည့် သေနတ်များကို သိမ်းဆည်းထားပြီးဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရှိရပါတယ်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး People Media မှ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက် သွယ်မေးမြန်းရာ၌ ”မိပါပြီ၊ ရဲတပ်ဖွဲ့ဝင်တွေထံကနေ ယူသွားတဲ့ လက်နက်တွေရော သူတို့ကိုင်ထားတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိပါတယ်၊ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ အရေအတွက် မပြောနိုင်သေး ပါဘူး၊ သတင်းဆက်လက်ဖော်ထုတ်နေတဲ့အတွက် ကျန်တာတော့ မပြောနိုင်သေးပါဘူး” လို့ ပြောပါတယ်။

 

အလုံမြို့နယ်၌ မြို့ပတ်ရထား၌ လိုက်ပါ၍ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် ၆ ဦးသည် သြဂုတ်လ အတွင်း၌ ဝင်ရောက်ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် (၄) ဦး သေဆုံး၊ (၂) ဦးဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ကျဆုံး ရဲတပ်ဖွဲ့ဝင် (၄) ဦး၏ လက်နက်များကို လုပ်ကြံသူများက ယူဆောင်သွားခဲ့ခြင်း ဖြစ်ပါတယ်။

 

#PeopleMedia #မြို့ပတ်ရထား #အလုံဘူတာ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post