• Follow Us on

Home ရန်ကုန်မြို့၌ တက္ကစီတစ်စီးကို အမည်မသိလူသုံးဦးမှ ဓားထောက်၍ လုယူသွား

ရန်ကုန်မြို့၌ တက္ကစီတစ်စီးကို အမည်မသိလူသုံးဦးမှ ဓားထောက်၍ လုယူသွား

Share this post

နေပြည်တော်၊ သြဂုတ် ၂၇ (People Media)

 

ရန်ကုန်မြို့တွင် ပြီးခဲ့တဲ့ရက်ပိုင်းက ပရိုဘောက်အဖြူရောင် တက္ကစီတစ်စီးကို အမည်မသိလူသုံးဦးမှ ယာဉ် မောင်းကို ဓားဖြင့် ထောက်ပီး ကားကို လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

သြဂုတ် ၂၄ ရက်နေ့ ည ၈ နာရီအချိန်တွင် တက္ကစီယာဉ်မောင်း — မှာ တောင်ဥက္ကလာပမြို့ တက်လမ်း ဆေးရုံရှေ့တွင် အမည်မသိ လူသုံးဦးမှ မြောက်ဥက္ကလာပအဝိုင်းကို ကားငှားခဲ့ကြောင်း၊ လမ်းတစ်နေရာ အရောက်တွင် တက္ကစီယာဉ်မောင်းအား ဓားဖြင့်ထောက်ပြီး၊ ဒဂုံဆိပ်ကမ်းဘက်ကို မောင်းနှင်ခိုင်းပြီး၊ ရတနာ လမ်းအရောက်တွင် ယာဉ်မောင်းအား ကားပေါ်ပစ်ချခဲ့ပါတယ်။

 

“ကားနဲ့ ပတ်သက်လို့ ဘာမှတော့ မသိရသေးဘူး။ အငှားကားဆိုတော့ ကားပဲပြန်ရမလားဆိုပြီး လိုက်နေတာ” လို့ တက္ကစီအလုခံရသူ တက္ကစီယာဉ်မောင်းမှ People Media ကို ပြောပါတယ်။

 

ဓားထောက်လုယူသွားသည့် တက္ကစီမှာ ပရိုဘောက်အဖြူရောင်ဖြစ်ပြီး၊ ယာဉ်နံပါတ်မှာ 9J-6838 ဖြစ်ပြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

 

ယခုနောက်ပိုင်း ရန်ကုန်မြို့တွင် မော်တော်ယာဉ်လုယက်မှုဖြစ်စဉ်များ၊ မော်တော်ယာဉ်ခိုးခံရသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

 

Photo – လုယူခံရသည့် Taxi ယာဉ်

 

#PeopleMedia #ယာဉ်လုခံရမှု

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post