• Follow Us on

Home ရန်ကုန်မြို့၌ တပ်မတော်ထောက်ခံပွဲကို လူအင်အား အများအပြားဖြင့် ပြုလုပ်၊ ထောက်ခံပွဲ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေဟု ကြွေးကြော်

ရန်ကုန်မြို့၌ တပ်မတော်ထောက်ခံပွဲကို လူအင်အား အများအပြားဖြင့် ပြုလုပ်၊ ထောက်ခံပွဲ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေဟု ကြွေးကြော်

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ယနေ့ မွန်းလွဲပိုင်းအချိန်က တပ်မတော်ထောက်ခံပွဲကို လူအင်အား အများအပြားဖြင့် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ တပ်မတော်ထောက်ခံပွဲကို တောင်ဥက္ကလာပဂေါက်ကွင်းရှေ့သို့ အကြမ်းဖက်မှန်သမျှ ဆန့်ကျင်ကြ၊ တိုင်းပြည်သာယာအေးချမ်းရေး တပ်နှင့် ပြည်သူလက်တွဲပေး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေဟု ကြွေးကြော်သံများဖြင့် ချီတက်လမ်းလျှောက်၍ ထောက်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

 

ထို့အပြင် ယနေ့အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဖျာပုံမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် တောင်ကြီးတို့တွင် တပ်မ တော်ထောက်ခံပွဲများ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

 

တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ မြို့နယ်များတွင် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အထိကျင်းပပြုလုပ်လျက်ရှိပါတယ်။

 

Photo – South Dagon Information

 

#PeopleMedia #တပ်မတော်ထောက်ခံပွဲ #တောင်ဥက္ကလာ

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – South Dagon Information

 

#PeopleMedia #တပျမတောျထောကျခံပှဲ #တောငျဥက်ကလာ


Share this post