• Follow Us on

Home ရန်ကုန်မြို့၌ အသက် (၅၅) နှစ်အရွယ်ရှိ အထက်တန်းပြဆရာမကြီးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု၌ ပါဝင်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရ

ရန်ကုန်မြို့၌ အသက် (၅၅) နှစ်အရွယ်ရှိ အထက်တန်းပြဆရာမကြီးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု၌ ပါဝင်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာမြို့နယ်၌ နေထိုင်သည့် အသက်(၅၅)နှစ်အရွယ်ရှိသူ အထက်တန်းပြ ဆရာမကြီးဒေါ်လှလှသန်းကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို လုံခြုံရေးအဖွဲ့များမှ ဖမ်းဆီးထားကြောင်း ကနဦးသိရှိရသည်။

 

“အမျိုးသမီးနှစ်ယောက် အမျိုးသားတစ်ယောက် မိထားတယ်လို့ ကနဦး ပြောလို့ရပါတယ်” လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

ဆရာမကြီး ဒေါ်လှလှသန်းသည် နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက အဌားယာဉ်ဖြင့် နေအိမ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အထက်တန်းကျောင်းသို့ သွားနေစဉ် မြောက်ဥက္ကလာပမြို့နယ် သုဓ္ဓမကြီးအရောက်၌ ယာဉ်ကျောပိတ်မိနေစဉ် သေနတ်သမားများသည် ဆရာမကြီးကိုပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

ထိုကဲ့သို့ ဆရာမကြီးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြောက်ဥက္ကလာပဆေးရုံကြီး၌ ကွယ်လွန်သွား ခဲ့သည်။ ဆရာမကြီးကို လုပ်ကြံသတ်ဖြတ်မှုသည် ဒေသခံ PDF အဖွဲ့နှစ်ဖွဲ့ပေါင်းပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

#PeopleMedia #ဒေါ်လှလှသန်း #ပညာရေးဝန်ကြီးဌာန

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post