• Follow Us on
Latest News

Home ရန်ကုန်မြို့၌ အုပ်ချုပ်ရေးမှူး နှစ်ဦး တစ်ရက်ထဲတွင် လုပ်ကြံသတ်ဖြတ်ခံရ၊ သေနတ်သမားများ လွတ်မြောက်နေ

ရန်ကုန်မြို့၌ အုပ်ချုပ်ရေးမှူး နှစ်ဦး တစ်ရက်ထဲတွင် လုပ်ကြံသတ်ဖြတ်ခံရ၊ သေနတ်သမားများ လွတ်မြောက်နေ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ် (၂၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကို တစ်နာရီခြား၍ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အရှေ့ဒဂုံမြို့နယ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး  တင်ထွန်းအောင်သည် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေစဉ်တွင် အမည်မသိ သေနတ်သမားနှစ်ဦးက လာ ရောက်ပစ်ခတ်ခဲ့ပါတယ်။

 

အဆိုပါ ဖြစ်စဉ်ဖြစ်ပေါ်ပြီး နံနက် ၉ နာရီအချိန်တွင် (၂၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်သည် လက်ဘက်ရည်ဆိုင်တွင်ထိုင်နေစဉ် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ရပ်ပြီးနောက် ပစ်ခတ်ခဲ့ပါတယ်။

 

“ဖြစ်စဉ်တော့ ဟုတ်ပါတယ်။ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ သေနတ်ဒဏ်ရာ တော်တော်များ တယ်။ အမှတ် ၂၉ ရပ်ကွက်ကတော့ စိုးရိမ်စရာမရှိဘူး သူကတော့ သူအမျိုးသမီးကိုပါထိတာ အခုဖြစ်စဉ်က တစ်နာရီပဲခြားပြီးတော့ဖြစ်တာပါ” ဟု ရပ်ကွက်အတွင်းနေထိုင်သူများတချို့က အတည်ပြုပြောဆိုပါတယ်။

 

လက်ရှိအချိန်၌ သေနတ်သမားများကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

 

#PeopleMedia #အုပ်ချုပ်ရေးမှူး

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post