• Follow Us on

Home ရန်ကုန်မြို့၌ ဖြစ်ပေါ်ခဲ့သည့် ဖောက်ခွဲသတ်ဖြတ်မှုများ၌ အသက်မပြည့်သေးသည့် လူငယ်များနှင့် ၁၄ နှစ် အရွယ် မိန်းကလေးငယ် ပါဝင်ကြောင်း န-စ-က ထုတ်ပြန်

ရန်ကုန်မြို့၌ ဖြစ်ပေါ်ခဲ့သည့် ဖောက်ခွဲသတ်ဖြတ်မှုများ၌ အသက်မပြည့်သေးသည့် လူငယ်များနှင့် ၁၄ နှစ် အရွယ် မိန်းကလေးငယ် ပါဝင်ကြောင်း န-စ-က ထုတ်ပြန်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၄ (People Media)

 

ရန်ကုန်မြို့၌ ဖြစ်ပေါ်ခဲ့သည့် ဖောက်ခွဲသတ်ဖြတ်မှုများ၌ အသက်မပြည့်သေးသည့် လူငယ်များနှင့် ၁၄ နှစ် အရွယ်မိန်းကလေးငယ်ပါဝင်ကြောင်း နစကမှ စက်တင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဓမ္မာရုံရှေ့ ၌ ရပ်တန့်ထားသည့် Spark အဖြူရောင်ယာဉ်အား မသင်္ကာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့ရာ စက် တင်ဘာလ ၁၃ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်၊ ဆယ်အိမ်မှူး ဦးနိုင်လင်းအား လုပ် ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံမျာဖြစ်သော ဟိန်းထက်အောင်(ခ)ဈာန်ရဲ(၁၉)နှစ်၊ သန့်ဇင်(၁၆)နှစ် နှင့် အောင်ကိုဦး(၁၆)နှစ်တို့ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

အဆိုပါဖမ်းဆီးရမိသည့် တရားခံများ၏ထွက်ဆိုချက်အရ ဆက်စပ်တရားခံများဖြစ်သည့် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁)ရပ်ကွက်အတွင်းရှိ အောင်အောင်ဦး(၂၁)နှစ်၊ ငြိမ်းချမ်းဖြိုး(ခ)ချမ်းဖြိုး(၂၁)နှစ်၊ အောင်ကိုထွေး(ခ) ဘာဘူ(၁၉)နှစ်၊ ခန့်သူရိန်(၁၆)နှစ်နှင့် ကြယ်စင်နှင်းဝေ(ခ)ကြယ်စင်(၁၄)နှစ်တို့အားလည်းကောင်း၊ အင်းစိန်မြို့ နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အလယ်ဗဟိုလမ်းရှိ ဝေယံဖြိုး(၁၇)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိ ရသည်။

 

ထို့နောက် စက်တင်ဘာ ၂၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည့် တရားခံများ၏နေအိမ်များအား ရှာဖွေစစ်ဆေးခဲ့ရာ ယူနီဖောင်း ၅ စုံ၊ ဦးထုပ် ၂ လုံး၊ စစ်ဖိနပ် ၃ ရံ၊ Vest ၄ ထည်၊ ဖိုက်ဘာဦးထုပ် ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ အား သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသည့် တရားခံများမှာ ကျား ၈ ဦး၊ မ ၁ ဦး စုစုပေါင်း ၉ ဦးဖမ်းဆီးရမိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ဆက်လက်ပြီးထွက်ဆိုချက်များအရ ဖမ်းဆီးရန်ကျန်ရှိနေသည့်တရားခံများဖြစ်သည့် အာကာဆိုသူနှင့်ချိတ်ဆက် ၍ ဇွန်လ ၁ ရက်နေ့တွင် ဒလန်ရှင်းလင်းရေးနှင့် အကြမ်းဖက်ဖောက်ခွဲခြင်းများပြုလုပ်ရန် Freedom Fighters Force-Mayangone အဖွဲ့အား ဟိန်းထက်အောင်(အဖွဲ့ခေါင်းဆောင်)၊ အောင်အောင်ဦး၊ အောင်ကိုဦး၊ ငြိမ်းချမ်း ဖြိုး၊ သန့်ဇင်၊ လူကာ(ဖမ်းဆီးရန်ကျန်)၊ ကိုထက်(ဖမ်းဆီးရန်ကျန်)၊ အောင်ကိုထွေး၊ ဝေယံဖြိုး၊ ကြယ်စင်နှင်းဝေ၊ ဟိန်းလတ်(ဖမ်းဆီးရန်ကျန်)၊ ခန့်သူရိန်၊ သူရရှင်း(ဖမ်းဆီးရန်ကျန်)တို့နှင့် အဖွဲ့ဖွဲ့စည်းခဲ့ပြီး ၎င်းတို့အဖွဲ့မှ ဇူလိုင် ၂၅ ရက်နေ့ တွင် မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်ရှိ ဦးမိုးကျော်စိုးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး၊ သြဂုတ် ၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ ရစဖရုံးသို့ လက်ပစ်ဗုံး ၂ လုံးအားပစ်ခတ်ခဲ့ရာကြောင်း စုံစမ်းဖော်ထုတ်ရရှိကြောင်း သိရှိရသည်။

 

ထို့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်၊ ပန်းတစ်ရာလက်ဘက်ရည်ဆိုင်သို့ သွားရောက်ပြီး လက်ဘက်ရည်သောက်နေသည့် ဦးစိန်သောင်းအား သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ပြီး၊ စက် တင်ဘာလ ၁၃ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၄၉ ရပ်ကွက်သို့သွားရောက်ခဲ့ပြီး ဦးနိုင်လင်းအား သေ နတ်ဖြင့် ၆ ချက်ပစ်ခတ်ခဲ့ကြောင်းများကို ၎င်းတို့အဖွဲ့မှပြုလုပ်ခဲ့သည်များကို စုံစမ်းဖော်ထုတ်ရရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အလားတူ ဖမ်းဆီးရမိသည့်တရားခံများသည် ဖောက်ခွဲဖျက်ဆီးမှု ၁ ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှု ၃ ကြိမ် တို့ကိုကျူးလွန်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုသည့် သေနတ်နှင့် လက်ပစ်ဗုံးများအား NUG နှင့်ချိတ် ဆက်ဆောင်ရွက်သည့် အာကာ(ဖမ်းဆီးရန်ကျန်)ထံမှ ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း န-စ-ကမှထုတ်ပြန်ထားသည်။

 

#PeopleMedia #နစက #PDF

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 



Share this post