• Follow Us on

Home ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ယာဉ်ထိန်းရဲရုံးမီးရှို့ခံရ၊ သန်လျင်မြို့ မြို့ဟောင်းအနောက်ရပ်ကွက် ရာ အိမ်မှူးတစ်ဦးအား သေနတ်ပစ်ခံရ

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ယာဉ်ထိန်းရဲရုံးမီးရှို့ခံရ၊ သန်လျင်မြို့ မြို့ဟောင်းအနောက်ရပ်ကွက် ရာ အိမ်မှူးတစ်ဦးအား သေနတ်ပစ်ခံရ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၃၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးကို ယနေ့ နံနက် ၆ နာရီကျော်အချိန်တွင် မီးရှို့ခံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ယာဉ်ထိန်းရုံးမီးလောင်နေကြောင်း သိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လောင်စာတစ်ခုခုဖြင့် မီးရှို့ခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့် ယာဉ်ထိန်းရဲရုံး ပျက်စီးဆုံးရူံးမှုများခဲ့ကြောင်း သိရသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ မြို့ဟောင်းအနောက်ရပ်ကွက် ရာအိမ်မှူး ငပန်းဆိုအား ယနေ့ နံနက် ၉ နာရီအချိန်က သေနတ်ဖြင့် နှစ်ချက်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 

#PeopleMedia


Share this post