• Follow Us on
Latest News

Home ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်၌ ကုန်တင်ကုန်ချလုပ်ကိုင်သူ အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသ လို ဈေးအတွင်းရှိ စည်ပင်ရုံးအနီး၌ ဗုံးပေါက်ကွဲ၍ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်၌ ကုန်တင်ကုန်ချလုပ်ကိုင်သူ အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသ လို ဈေးအတွင်းရှိ စည်ပင်ရုံးအနီး၌ ဗုံးပေါက်ကွဲ၍ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၄ ရပ်ကွက်၊ သီရိမင်္ဂလာဈေးသစ်၌ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ည ၇ နာရီ အချိန်ခန့်က ကုန်တင်ကုန်ချလုပ်ကိုင်သူ ဦးကျောင်ဝင်းသည် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီးနောက် ဈေးအတွင်းရှိ စည်ပင်ရုံးအနီး၌ ဗုံးပေါက်ကွဲ၍ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ည ၇ နာရီဝန်းက သီရိမင်္ဂလာဈေးသစ်အတွင်း၌ ကုန်တင်ကုန်ချလုပ်ကိုင်သူ ဦးကျော်ဝင်းကို အမည် မသိ သေနတ်သမားမှ ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ပြီး ပစ်ခတ်ခဲ့မှုကြောင့် ဦးကျော်ဝင်း၏ လည်ပင်း၊ ရင် ဘတ်နှင့် နောက်ကျောကို ကျည်ထိမှန်ခဲ့သည်။

 

ထိုသို့ ပစ်ခတ်ခံရပြီးနောက် ဈေးအတွင်းရှိ စည်ပင်ရုံးအနီး၌ ဗုံးပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားခဲ့ရာ ပေါက်ကွဲမှု ကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါ ပစ်ခတ်ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး D.R.F အဖွဲ့မှ ယမန်နေ့ ညက သီရိမင်္ဂလာဈေးသစ်တွင် ရောက်ရှိ နေသော ဒေးဒရဲဒလန် ကျော်ဝင်းအား မရဏလမ်းသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ဈေးစည်ပင်ရုံးအား နာနတ်သီးကျွေးပြီး သတိပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #သီရိမင်္ဂလာဈေးသစ်

 

(unicode)


………………………………………………………..

 


 


 


 


 


 

#PeopleMedia #သီရိမငျ်ဂလာစြေးသဈ


Share this post