• Follow Us on

Home ရန်ကုန်-ဒလ ပြေးဆွဲနေသည့် စက်တပ်သမ္ဗန်တစ်စီးတိမ်းမှောက်မှု၌ ပျောက်ဆုံးနေသူကို နှစ်ရက်အကြာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိ 

ရန်ကုန်-ဒလ ပြေးဆွဲနေသည့် စက်တပ်သမ္ဗန်တစ်စီးတိမ်းမှောက်မှု၌ ပျောက်ဆုံးနေသူကို နှစ်ရက်အကြာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိ 

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၅ (People Media)

 

ရန်ကုန်မြစ်အတွင်း ရန်ကုန်-ဒလ ပြေးဆွဲနေသည့် စက်တပ်သမ္ဗန်တစ်စီး တိမ်းမှောက်မှုဖြစ်စဉ်၌ ပျောက်ဆုံး နေသည့် စက်တပ်သမ္ဗန်ကူးတို့ဆိပ် ဒု-ဥက္ကဋ္ဌကို နှစ်ရက်အကြာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒလမြို့နယ် သတင်းပြန်ကြားရေးကော်မတီမှ  သိရသည်။

 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့  နံနက် ၉ နာရီက ရန်ကုန်-ဒလပြေးဆွဲလျက်ရှိသည့် စက်တပ် သမ္ဗန် တစ်စီးသည် မော်တင်ဆိပ်ကမ်းဘက်၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၁၁ ဦး ရေနစ်မြှုပ်ခဲ့ရာ ၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ၁ ဦးမှာ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ပျောက်ဆုံးနေသူအား ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်မြစ်အတွင်း ရေကန်ဆိပ် အနီး၌ သေဆုံးနေသည့် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သေဆုံးသွားသူအတွက် စက်တပ်သမ္ဗန်ကူး တို့ဆိပ်က ငွေကျပ် ၅ သိန်း ထောက်ပံ့ခဲ့သလို မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ကလည်း ငွေကျပ်  ၅၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သမ္ဗန်နှစ်မြုပ်မှုနှင့် ပတ်သက်၍ ရွှေပျံလွှားအမည်ရှိ စက်တပ်သမ္ဗန်ရေယာဉ်မောင်းသူ ဦးစန်းအောင်အား ဗိုလ် တစ်ထောင်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ရန်ကုန်_ဒလ

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post