• Follow Us on

Home ရန်ကုန်-မုံရွာ ပြေးဆွဲသည့် မန္တလာမင်း ခရီးသည်ယာဉ်ပေါ်မှ ပြောက်ကျားယူနီဖောင်းနှင့် ကျည်ဆံများ တွေ့ရှိမှု ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် အခြားသော အမျိုးသားနှစ်ဦး ဖမ်းဆီးခံထားရ

ရန်ကုန်-မုံရွာ ပြေးဆွဲသည့် မန္တလာမင်း ခရီးသည်ယာဉ်ပေါ်မှ ပြောက်ကျားယူနီဖောင်းနှင့် ကျည်ဆံများ တွေ့ရှိမှု ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် အခြားသော အမျိုးသားနှစ်ဦး ဖမ်းဆီးခံထားရ

Share this post

မုံရွာ၊ ဇန်နဝါရီ ၁၇ (People Media)

 

ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်-မုံရွာ ပြေးဆွဲနေသည့် မန္တလာမင်း ခရီးသည်ယာဉ်တစ်စီးကို မုံရွာ မြို့အဝင် စစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက စစ်ဆေးရာ ယာဉ်ပေါ်၌ ပြောက်ကျားယူနီဖောင်းနှင့် ကျည်ဆံများ တွေ့ရှိမှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် အခြားသော အမျိုးသားနှစ်ဦး ဖမ်းဆီးခံထား ရသည်။

 

အဆိုပါ ခရီးသည်ယာဉ်ပေါ်မှ ဒသမ ၄၅ ပစ္စတို ကျည်အထောင့် ၁၀၀ နှင့် ပြောက်ကျားယူနီဖောင်း ၁၅ စုံကို တွေ့ရှိခဲ့မှုကြောင့် မန္တလာမင်း ခရီးသည်ယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် အခြားသော အမျိုးသားနှစ်ဦး စုစုပေါင်း အမျိုးသားလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

 

“ယာဉ်မောင်း၊ ယာဉ်နောက်လိုက်ဆိုတာက ပတ်သတ်ခံရင်တော့ ဥပဒေအရ အရေးယူခြင်း ခံရမှာပါ။ ဒီလိုပဲ တန်ဆာပစ္စည်းအရ တင်ဆောင်လာတယ်ဆိုရင် ဥပဒေအရ ပြဿနာမရှိနိုင်ပါဘူး။ ထိခိုက်တာက ယာဉ် လုပ်ငန်းရှင်တွေပါ” လို့ မုံရွာမြို့ရှိ ဂိတ်မှူးတစ်ဦးက ပြောသည်။

 

အလားတူ ပြီးခဲ့သည့်လပိုင်းကလည်း မုံရွာမြို့ကို အခြေပြုပြေးဆွဲနေသည့် ခရီးသည်ယာဉ်တစ်စီးပေါ်မှ ဖောက်ခွဲရေးသုံးပစ္စည်းများ သယ်ဆောင်လာသည့်ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်ကို ဖမ်းဆီးထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post