• Follow Us on

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦးသေဆုံး

Share this post

 

မုံရွာ၊ စက်တင်ဘာ – ၁၄ (People Media)

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄၄/၄) နှင့် (၃၄၄/၅) ကြား၌ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၄၈ မိနစ်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော Vigo အမျိုးအစား(အဖြူရောင်) ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာပြီး ကျောက်ဆည်မြို့သို့ ဆက်သွယ်ထားသည့် လမ်းဖြတ်အား ဖြတ်ကူးနေသော Cheng Long အမျိုးအစား (အပြာရောင်) မြေသယ် ယာဉ်၏ ဘယ်ဘက်နောက်ပိုင်းအား တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ  Vigo အဖြူရောင်ယာဉ်မှ ယာဉ်မောင်း ကျား(၁)ဦး သေဆုံးခဲ့ပြီး ကျား(၁)ဦးနှင့်  Cheng Long (အပြာရောင်) မြေသယ်ယာဉ်မှ ကျား(၂)ဦးတို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကာ တံတားဦးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia #မြန်မာနိုင်ငံမီးသတ်

 

(unicode)


…………………………………………………………….

 


 


 


 


 



Share this post