• Follow Us on

Home ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် DYNA ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ရာမှ လူ (၃) ဦး သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမတွင် DYNA ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ရာမှ လူ (၃) ဦး သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၉၆/၆) မိုင်တွင် ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၅ နာရီ ၁၆ မိနစ်အချိန်က TOYOTA DYNA ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားရာမှ ကျား (၁) ဦးနှင့် မ (၂) ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ၊ မန္တလေးမှ နေပြည်တော်ဘက်သို့၊ မောင်းနှင်လာသော TOYOTA DYNA (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးသို့ တိမ်းမှောက်ရပ်တန့်သွားခဲ့၍ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် သီးကုန်းအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၉)ဦး စုစုပေါင်း (၁၄)ဦး အနက် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၃)ဦးနှင့် မ(၆)ဦး (မစိုးရိမ်ရ)၊ မ(၁)ဦး (စိုးရိမ်ရ)နှင့် ကျား(၁)ဦး၊ မ(၂)ဦး (သေဆုံး)တို့အား အမြန်လမ်းမ ကြီးပိုင်သူနာတင်ယာဉ်နှင့် ပြည်သာယာလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 

#PeopleMedia


Share this post