• Follow Us on
Latest News

Home ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မှောက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မှောက်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ မတ် ၁

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၇/၆)နှင့် (၁၀၇/၇) ကြားတွင် ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က Suzuki Carry (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ် တပ်ဖွဲ့မှ သိရသည်။

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၇/၆) နှင့် (၁၀၇/၇) ကြားတွင်  Suzuki Carry (အဖြူ ရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅) မိုင်အမြန်လမ်း မီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၁)ဦးနှင့် ကလေး(၁)ဦး စုစုပေါင်း(၇)ဦးအနက် ထိခိုက် ဒဏ်ရာရရှိသူ ကျား(၁)ဦးနှင့် မ(၁)ဦး(မစိုးရိမ်ရ)တို့အား (၁၁၅)မိုင် အမြန်လမ်းကြက်ခြေနီအသင်းမှ ယာဉ်ဖြင့် ဖြူးပြည့်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 

#PeopleMedia


Share this post