• Follow Us on

Home ရန်ကုန်-ပြည် မီးရထားလမ်းကို လျှပ်စစ်မီးရထားလမ်းအဖြစ် မျှော်မှန်းဆောင်ရွက်ရန်  န-စ-က ဥက္ကဋ္ဌ ညွန်ကြား

ရန်ကုန်-ပြည် မီးရထားလမ်းကို လျှပ်စစ်မီးရထားလမ်းအဖြစ် မျှော်မှန်းဆောင်ရွက်ရန်  န-စ-က ဥက္ကဋ္ဌ ညွန်ကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁ (People Media)

 

ရန်ကုန်-ပြည် မီးရထားလမ်းကို အဆင့်မြှင့်တင်၍ လျှပ်စစ်ရထားလမ်းများအထိ မျှော်မှန်းဆောင်ရွက်ရန် န-စ-က ဥက္ကဋ္ဌက ညွှန်ကြားထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက် တင်ဘာ ၁၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ(နေပြည်တော်)နှင့် ဘူတာကြီးတို့သို့ သွားရောက်ရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

“ရန်ကုန်-ပြည် မီးရထားလမ်းသည် ပထမဆုံးဖွင့်လှစ်ခဲ့သည့် မီးရထားလမ်းဖြစ်ပြီး အဆင့်မြှင့်တင်ကာ လျှပ်စစ် ရထားလမ်းများအထိ မျှော်မှန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ချက်ခြင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်မဟုတ်သော်လည်း ရေရှည်အတွက် စီမံချက်ချလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြစ်ကူးမီးရထားတံတား ဖောက်လုပ်ရာတွင် ယခင်က မှားယွင်းစွာဖောက်လုပ်ခဲ့သည့် ဒီဇိုင်းအမှားများအပေါ် သင်ခန်းစာယူ၍ ဘေးချင်း ယှဉ်လျက်သော်လည်းကောင်း၊ အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံဖြင့်သော်လည်းကောင်း ဖောက်လုပ်နိုင်ရေး  စဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း” နစကကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောပါတယ်။

 

အလားတူ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန်အတွက် ပြန်လည်ပြုပြင်မည် ရေးနွေးငွေ့သုံး မီးရ ထားစက်ခေါင်းများအား မောင်းနှင်ရာ၌ ကျောက်မီးသွေးကို အသုံးပြုမောင်းနှင်ရန်နှင့် အရည်အသွေးကောင်း မွန်သည့် ကျောက်မီသွေးကို အသုံးပြုမည်ဖြစ်ကြောင်း နစကကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုပါ တယ်။

 

“ရထားတွဲများတည်ဆောက်ရာတွင် လျှပ်စစ်ရထားအထိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး အနာဂတ် အတွက် ကြိုတင်စဉ်းစားဆောင်ရွက်နေရန်လိုကြောင်း” နစကကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြော ပါတယ်။

 

မြန်မာ့မီးရထားလုပ်ငန်းသည် မိမိတို့နိုင်ငံတွင် နှစ် ၁၀၀ ကျော် အတွေ့အကြုံရှိပြီးသားဖြစ်သည့်အတွက် မိမိတို့ မီးရထားလုပ်ငန်းသည် မီးရထားစက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများကို ပြည်တွင်းဖြစ် တည်ဆောက်နိုင် ရမည်ဖြစ်ကြောင်း နစကကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဆိုပါနေရာသို့ သွားရောက်စစ်ဆေးချိန်မှာ ပြောကြားခဲ့ပါတယ်။

 

#PeopleMedia #လျှပ်စစ်ရထား

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 



Share this post