• Follow Us on

Home ရပ္ကြက္အလိုက္လမ္းမ်ား အခိုင္အမာပိတ္ဆို႔ထားျခင္းမျပဳရန္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွထုတ္ျပန္ထား

ရပ္ကြက္အလိုက္လမ္းမ်ား အခိုင္အမာပိတ္ဆို႔ထားျခင္းမျပဳရန္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွထုတ္ျပန္ထား

Share this post

ရန္ကုန္၊ စက္တင္ဘာ ၁၂

ရပ္ကြက္အလိုက္လမ္းမ်ား အခိုင္အမာ ပိတ္ဆို႔ထားရွိျခင္းမျပဳရန္ ရန္ကုန္တိုင္းေဒသႀကီး Covid-19 ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရးလုပ္ငန္းေကာ္မတီ မွထုတ္ျပန္ထားသည္။

လမ္းၾကားမ်ားအားအ၀င္အထြက္သြားလာမႈအဆင္ေျပေအာင္သာပိတ္ၿပီးအခိုင္အမာပိတ္ဆို႔ထားရွိမႈမ်ားမျပဳလုပ္ရန္၊သစ္ပင္မ်ားခုတ္လဲခ်၍ပိတ္ျခင္း၊သစ္သား/သံျပာ သြပ္ျပားမ်ားျဖင့္ အျပည့္ကာရံပိတ္ထားျခင္းမ်ား မျဖစ္ေစေရး စစ္ေဆးၾကပ္မတ္ေဆာင္ရြက္သြားမည္ဟုထုတ္ျပန္ထားသည္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ လမ္းမ်ားအခိုင္အမာပိတ္ထားမႈႏွင့္ပတ္သက္ၿပီး တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စား လွယ္ ဦးေက်ာ္နႏၵေအာင္က “ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကေတာ့အကုန္ျပန္ျဖဳတ္ထားတယ္ေျပာတယ္။ ကၽြန္ေတာ္တို႔လည္းကြင္းဆင္းၿပီးေလ့လာရမယ္လိုက္လွည့္ၾကည့္ဖို႔ေတာ့ရွိမယ္။အေသပိတ္ထားတာေတာ့ရွိမွာမဟုတ္ေပမယ့္အတားအဆီးကေတာ့ရွိေနအုံးမွာပါ”ဟုေျပာသည္။

ယခုလိုပိတ္ထားရျခင္းမွာလည္း လူ၀င္လူထြက္နဲ႔ ေဘးတစ္စိမ္းကားေတြ၊ၿမိဳ႕နယ္ကမဟုတ္တဲ့ကားေတြ ၊ရပ္ကြက္ကမဟုတ္တဲ့ကားေတြ ကိုစစ္ဖို႔ ပ္ိတ္ထားရေၾကာင္း၎ကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ (၂၈) ၿမိဳ႕နယ္ တြင္ ရပ္ကြက္အလိုက္ လမ္းမ်ားအား အခိုင္အမာပိတ္ဆို႔ထားရွိမႈေတြ႕ရွိသျဖင့္ ရန္ကုန္တိုင္းေဒသႀကီး Covid-19 ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရးလုပ္ငန္းေကာ္မတီမွ စက္တင္ဘာ ၁၁ရက္ ကအထက္ပါအတိုင္းထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
ရပ်ကွက်အလိုက်လမ်းများ အခိုင်အမာပိတ်ဆို့ထားခြင်းမပြုရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှထုတ်ပြန်ထား
………………………………………………

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရပ်ကွက်အလိုက်လမ်းများ အခိုင်အမာ ပိတ်ဆို့ထားရှိခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ မှထုတ်ပြန်ထားသည်။

လမ်းကြားများအားအဝင်အထွက်သွားလာမှုအဆင်ပြေအောင်သာပိတ်ပြီးအခိုင်အမာပိတ်ဆို့ထားရှိမှုများမပြုလုပ်ရန်၊သစ်ပင်များခုတ်လဲချ၍ပိတ်ခြင်း၊သစ်သား/သံပြာ သွပ်ပြားများဖြင့် အပြည့်ကာရံပိတ်ထားခြင်းများ မဖြစ်စေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဟုထုတ်ပြန်ထားသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် လမ်းများအခိုင်အမာပိတ်ထားမှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်နန္ဒအောင်က “မြို့နယ်အုပ်ချုပ်ရေးမှူးကတော့အကုန်ပြန်ဖြုတ်ထားတယ်ပြောတယ်။ ကျွန်တော်တို့လည်းကွင်းဆင်းပြီးလေ့လာရမယ်လိုက်လှည့်ကြည့်ဖို့တော့ရှိမယ်။အသေပိတ်ထားတာတော့ရှိမှာမဟုတ်ပေမယ့်အတားအဆီးကတော့ရှိနေအုံးမှာပါ”ဟုပြောသည်။

ယခုလိုပိတ်ထားရခြင်းမှာလည်း လူဝင်လူထွက်နဲ့ ဘေးတစ်စိမ်းကားတွေ၊မြို့နယ်ကမဟုတ်တဲ့ကားတွေ ၊ရပ်ကွက်ကမဟုတ်တဲ့ကားတွေ ကိုစစ်ဖို့ ပ်ိတ်ထားရကြောင်း၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ် တွင် ရပ်ကွက်အလိုက် လမ်းများအား အခိုင်အမာပိတ်ဆို့ထားရှိမှုတွေ့ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ စက်တင်ဘာ ၁၁ရက် ကအထက်ပါအတိုင်းထုတ်ပြန်ထားသည်။

#PeopleMedia


Share this post