• Follow Us on
Home ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြည်သူများကို မောက်မာစွာ ဆက်ဆံအုပ်ချုပ်ခြင်းမရှိဟု သံလွင်နိုင်ငံသားစွမ်းရည်မြင့်အဖွဲ့ ပြောဆို
Share this post
ရန်ကုန်၊ အောက်တိုဘာ – ၂၁
သံလွင်နိုင်ငံသားစွမ်းရည်မြင့်တင်ရေးအဖွဲ့သည် အောက်တိုဘာ(၇)ရက်မှ စတင်ပြီး ဖျာပုံခရိုင်အတွင်းရှိ ဒေးဒရဲ ဘိုကလေးနှင့် ကျိုက်လတ်မြို့နယ် များတွင် စစ်တမ်းများကောက်ယူခဲ့သည်။
(unicode)
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြည်သူများကို မောက်မာစွာ ဆက်ဆံအုပ်ချုပ်ခြင်းမရှိဟု သံလွင်နိုင်ငံသားစွမ်းရည်မြင့်အဖွဲ့ ပြောဆို
ရန်ကုန်၊ အောက်တိုဘာ – ၂၁
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူများသည် ပြည်သူကို မောက်မာစွာဆက် ဆံအုပ်ချုပ်ခြင်းမရှိတော့ ကြောင်း သံလွင်နိုင်ငံသားစွမ်းရည်မြင့်အဖွဲ့၏ ဒါရိုက်တာပြော ဒါရိုက်တာဦးသီဟသူကပြောသည်။
သံလွင်နိုင်ငံသားစွမ်းရည်မြင့်အဖွဲ့ကစီစဉ်သည့် ကောင်းမွန်သောဒေသန္တ ရစီမံအုပ်ချုပ်မှုတွင် နိုင်ငံသား များပူးပေါင်းပါဝင်မှုအခန်းကဏ္ဏမြင့်တင် ရေးစီမံချက်အဖြစ် ဖျာပုံခရိုင်အတွင်းရှိမြို့နယ်များတွင် လူထု သဘော ထားစစ်တမ်းကောက်ယူရာတွင်တွေ့ရှိရသောအချက်တစ်ချက်ဖြစ်သည်။
“သူတို့က တော်ချင်တော်မယ်။ ညံချင်ညံမယ်။ အလုပ်လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူး။ ဒါတွေက မပြောနိုင်ဘူး။ ဒါပေမယ့်သေချာတာက ဟိုတုန်းကလိုမောက်မာပြီးတော့ ပြည်သူကို ဆက်ဆံတာအုပ်ချုပ်တာ မဟုတ်တော့ဘူး”ဟု ဦးသီဟသူကပြောသည်။
သံလွင်နိုင်ငံသားစွမ်းရည်မြင့်တင်ရေးအဖွဲ့သည် အောက်တိုဘာ(ရ)ရက်မှ စတင်ပြီး ဖျာပုံခရိုင်အတွင်းရှိ ဒေးဒရဲ ဘိုကလေးနှင့် ကျိုက်လတ်မြို့နယ် များတွင် စစ်တမ်းများကောက်ယူခဲ့သည်။
လက်ရှိတွင်ဖျာပုံမြို့၌ ဆက်လက်ကောက်ယူကာစစ်တမ်းတွေရှိချက် များအား လာမည့်နှစ်ဆန်းပိုင်း တွင်သက်ဆိုင်ရာအဖွဲ့အစည်းများသို့ပေးပို့ သွားမည်ဖြစ်သည်။
Share this post