• Follow Us on

Home ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများကို လုပ်ကြံသတ်ဖြတ်လျက်ရှိသည့် မိုးကြိုးမုန်တိုင်းအဖွဲ့ဝင် တစ်ဦး အဖမ်းခံထားရ

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများကို လုပ်ကြံသတ်ဖြတ်လျက်ရှိသည့် မိုးကြိုးမုန်တိုင်းအဖွဲ့ဝင် တစ်ဦး အဖမ်းခံထားရ

Share this post

စစ်ကိုင်း၊ သြဂုတ် ၂၆ (People Media)

 

လက်ရှိအချိန်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများကို လုပ်ကြံသတ်ဖြတ်လျက်ရှိသည့် မိုးကြိုးမုန်တိုင်းအဖွဲ့ဝင်တစ်ဦး အဖမ်းခံထားရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူထံက သိရပါတယ်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ၌ နေထိုင်သည့် ဈေးဆိုင်ပိုင်ရှင်တစ်ဦး၏ နေအိမ်အတွင်းသို့ သက်ဆိုင်ရာအဖွဲ့အစည်းများက ဝင်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ်ခြံအတွင်း၌ သေနတ် အပါအဝင် လက်လုပ်မိုင်း (၆၀) ကျော်ခန့်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။

 

“မိတာက မြို့ပေါ်မှာမိတာ။ လူကိုမိတော့ သူ့ခြံထဲမှာရှိတဲ့ သိမ်းထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ၊ သေနတ်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တာ” လို့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

အဆိုပါ မိုးကြိုးမုန်တိုင်းအဖွဲ့ဝင်ဖြစ်သူသည် သြဂုတ်လ ၂၀ ရက်၊ မွန်းလွဲပိုင်းက ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

လက်ရှိအချိန်၌ မိုးကြိုးမုန်တိုင်းအဖွဲ့သည် အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးအဖွဲ့ထံ သတင်းပေးသူဟု ၎င်းတို့ ယူဆသူများ၊ စစ်မှုထမ်းဟောင်းများကို လိုက်လံသတ်ဖြတ်နေတဲ့အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

 

#PeopleMedia #မိုးကြိုးမုန်တိုင်း #ရွှေဘိုမြို့

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 



Share this post