• Follow Us on
Latest News

Home ရပ်ကျေးရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ အနီးကပ်ကြီးကြပ်မှုနဲ့လုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးပြော

ရပ်ကျေးရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ အနီးကပ်ကြီးကြပ်မှုနဲ့လုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရပ်ကျေးရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်သွား မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကပြောသည်။
မကြာခင်ပြုလုပ်မည့် ရပ်ကျေးရွေးကောက်ပွဲလုပ်ငန်းစဉ်အခြေအနေများနှင့်ပတ်သက်၍ ဦးမင်းသူက ၎င်း၏ ဖေ့ဘွက်ခ်လူမူကွန်ရက်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးမင်းသူက”လက်ရှိအစိုးရနဲ့ နောင်တက်လာမယ့်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ကပဲ ဦးဆောင်ဖွဲ့စည်း တာဝန်ပေးအပ်မယ့် အစိုးရအဖွဲ့ဖြစ်တာကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကိစ္စရပ်တွေကို ကြိုတင်ဆောင်ရွက်နေတာဖြစ်ပြီး ရွေးချယ်ရေးကိစ္စရပ်များကို သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရေးသား ထားသည်။
မကြာခင်လပိုင်းအတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးအသစ်တွေကို ရွေးချယ်တော့မည်ဖြစ်ပြီး လက်ရှိ တာဝန် ထမ်းဆောင်နေသည့်ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှာ ယခင်အစိုးရတာဝန်ယူစဉ်က ရွေးချယ်ပြီး တာဝန်ပေး အပ်ခဲ့သူများဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ကိုယ့်ရပ်ရွာအကျိုးကို အမှန်တကယ်ဆောင်ရွက်ကြမည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ရွေးချယ်တင်မြှောက်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပြည်သူတွေအား လုံး သိရှိပါဝင်နိုင်အောင်ကျယ်ကျယ်ပြန့်ပြန့်ချပြဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတွေအနေဖြင့်လည်း ပူးပေါင်းပါ ဝင်ရန်တိုက်တွန်းထားသည်။
ထို့အပြင် ပြည်သူများအနေဖြင့် အုပ်ချုပ်ရေး၏အခြေခံအကျဆုံးဖြစ်သည့် မိမိတို့နှင့် အနီးကပ်ဆုံး ရပ်/ကျေး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ခံအုပ်ချုပ်ရေးမှူးများကို မိမိတို့ကိုယ်တိုင် ရွေးချယ်နိုင်မယ့်အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ထိုအခွင့်အရေးများအကျိုးရှိရှိ အသုံးချဖို့လိုကြောင်း ဦးမင်းသူကပြောသည်။
#PeopleMedia #ရပ်ကျေး
(unicode)
………………………………….


Share this post