• Follow Us on

Home ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ယခုနှစ်မတ်လအကုန်၌ အပြီးရွေးချယ်သွားမည်

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ယခုနှစ်မတ်လအကုန်၌ အပြီးရွေးချယ်သွားမည်

Share this post

မိုးကောင်း၊ ဇန်နဝါရီ -၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မိုးကောင်းမြို့နယ်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ယခုနှစ်မတ်လအကုန်၌ အပြီးရွေးချယ်သွားမည် ဖြစ်သည်။

မိုးကောင်းမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နေ့ခင်းပိုင်းက ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ချပြရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“ပြည်သူကို ဗဟိုပြုတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်တင်မြှောက်နိုင်ဖို့ အိမ် ထောင်စုတွေက ကိုယ်စားလှယ်စာရင်းပေးရာမှာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တာ ပြီးဆုံးတဲ့အထိ အိမ်ထောင်စုတစ်စုက မိသားစုဝင်တစ်ဦးတည်းကိုဘဲ ကိုယ်စားလှယ်အဖြစ် အမည်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒီတစ်ဦးထဲကဘဲ ကြီးကြပ်ရေးအဖွဲ့ကို ရွေးချယ်တာကစပြီး ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တာ ပြီးဆုံးတဲ့အထိ တက်ရောက်ရမှာဖြစ်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့ကို ရွေးချယ်ရာမှာ ပျက်ကွက်တဲ့ အိမ်ထောင်စုကိုယ်စားလှယ်တွေအနနဲ့က ရွေးချယ်ထားတဲ့ ကြီးကြပ်ရေးအဖွဲ့ကို ကန့်ကွက်ပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့် အိမ်ထောင်စုကိုယ်စားလှယ်အနေနဲ့ ကြီးကြပ်ရေးအဖွဲ့ကို ရွေးချယ်တာကစပြီး အဆင့်တိုင်းကို မပျက်မကွက် တက်ရောက်ဖို့လိုပါတယ်”ဟု မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ပြောသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက “ရပ်/ ကျေးအုပ်ချုပ်ရေးမှူးရဲ့ ရာထူးသက်တမ်းဟာ သာမန်အားဖြင့် နိုင်ငံတော်သမ္မတရဲ့ သက်တမ်းအတိုင်း ဖြစ်ပါတယ်။ မိုးကောင်းမြို့နယ်က ကျေးရွာအုပ်စု (၃၆)အုပ်စုနဲ့ ရပ်ကွက် (၁၄) ခု အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ယခုနှစ်မတ်လအကုန်မှာ အပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်၍ ဆိုသည်။

ယနေ့ ချပြရှင်းလင်းပွဲသို့ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံနှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြပြီး တက်ရောက်သူများမှ အပြန်အလှန်ဆွေးနွေးခဲ့သည်။

ချိုမောင်

#PeopleMedia #ရပ်ကျေး #မိုးကောင်း

(unicode)
…………………………………………..










Share this post