• Follow Us on

Home ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်များရောင်းချရန် အိန္ဒိယနိုင်ငံက ဖိလစ်ပိုင်နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိ

ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်များရောင်းချရန် အိန္ဒိယနိုင်ငံက ဖိလစ်ပိုင်နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄ (People Media)

 

အိန္ဒိယအစိုးရပိုင် လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးကုမ္ပဏီ Hindustan Aeronautics Limited (HAL) သည် Dhruv Advanced Light Helicopters (ALH) ရဟတ်ယာဉ် ၇ စင်းနှင့် Dornier 228 လေယာဉ် ၈ စင်းရောင်းချရန် ဖိလစ်ပိုင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

 

အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိသော ကန်ထရိုက်စာချုပ်မှာ အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးသော စစ် လက်နက်ပစ္စည်းရောင်းဝယ်ရေးစာချုပ်ဖြစ်သည်။

 

ယခုနှစ်အစောပိုင်းက အိန္ဒိယရေတပ်နှင့် ကမ်းခြေစောင့်တပ်များ၏ အမှာစာအရ အိန္ဒိယကုမ္ပဏီကထုတ်လုပ်ခဲ့ သော Dhruv ALH မရိန်းတပ်သုံး ရဟတ်ယာဉ်မူကွဲ တင်သွင်းရေးကို ဖိလစ်ပိုင်နိုင်ငံက စိတ်ဝင်စားလျက်ရှိ သည်။

 

ဖိလစ်ပိုင်အစိုးရသည် Dhruv MK III MR ရဟတ်ယာဉ်နှင့် ဥရောပအဲဘတ်စ်ရဟတ်ယာဉ်ဖြစ်သော Panther AS565 ရဟတ်ယာဉ် နှစ်မျိုးစလုံးဝယ်ယူမည့် အခွင့်အလမ်းကို  လျှော့ချခဲ့ကြောင်း Business Standard က ရေးသားဖော်ပြခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ ရဟတ်ယာဉ်များကို ဝယ်ယူရန် စိတ်ဝင်စားနေ ကြောင်း Hindustan Aeronautics Limited (HAL) ကုမ္ပဏီ၏ဥက္ကဋ္ဌ အာရ်မက်ဟာဗန်က ပြောသည်။

 

ကနဦးထုတ်လုပ်ခဲ့သည့် Dhruv ALH ရဟတ်ယာဉ် Dhruv Mark I ကို အိန္ဒိယကြည်းတပ်အတွက် အမေရိကန် ဒေါ်လာ ၆-၇ သန်း (အိန္ဒိယရူပီး 45-50 crore) ဝန်းကျင်ဖြင့်ရောင်းချခဲ့သည်။ သို့သော် Dhruv Mark III အ သစ်သည် အမေရိကန်ဒေါ်လာ ၉ သန်း (အိန္ဒိယရူပီး 70 crore) အထိ ပေးချေရမည်ဖြစ်သည်။

 

HAL ကုမ္ပဏီသည် နှစ်စဉ် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် အစင်း ၃၀ ဝန်းကျင်ထုတ်လုပ်သွားမည်ဖြစ် ကြောင်း လွန်ခဲ့သည့်လအတွင်းက ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ကုမ္ပဏီ သည် အိန္ဒိိယတပ်မတော်သို့ Dhruv ALHs ရဟတ်ယာဉ် အစင်း ၃၂၀ ရောင်းချခဲ့ပြီးဖြစ်သည်။

 

HAL ကုမ္ပဏီသည် လေယာဉ်/ရဟတ်ယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ ပြည်ပနိုင်ငံများသို့ အနည်းအကျဉ်းသာ တင်ပို့နေသော်လည်း အိန္ဒိိယတပ်မတော်အတွက် စစ်လက်နက်ပစ္စည်းအဓိကထောက်ပံ့နေသော ကုမ္ပဏီဖြစ် သည်။

 

နိုဝင်ဘာလအတွင်းက အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီသည် HAL ကုမ္ပဏီထုတ် LCH အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၉ စင်းကို အိန္ဒိယလေတပ်သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေးခဲ့သည်။ LCH အပေါ့စားတိုက်ခိုက် ရေးရဟတ်ယာဉ်သည် ၅.၈ တန်အလေးချိန်ရှိ စက်နှစ်လုံးတပ်အပေါ့စားရဟတ်ယာဉ်ဖြစ်သည်။

 

“LCH အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များရဲ့ အသေးစိတ်လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ပြီး လက်နက်နဲ့ လောင်စာဆီ အများအပြားသယ်ဆောင်နိုင်တဲ့ ကမ္ဘာပေါ်က တစ်မျိုး တည်းသော အပေါ့စားရဟတ်ယာဉ်ဖြစ်ပါတယ်” ဟု HAL ကုမ္ပဏီက ပြောသည်။

 

Ref: India Negotiating Sale of Maritime Helicopters to Philippines

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: India Negotiating Sale of Maritime Helicopters to Philippines

 

#PeopleMedia


Share this post