• Follow Us on

Home ရိုးမရိပ္သာတြင္Volunteerအင္အား(၁၂၀)ထိတိုးခ်ဲ့သြားမည္

ရိုးမရိပ္သာတြင္Volunteerအင္အား(၁၂၀)ထိတိုးခ်ဲ့သြားမည္

Share this post

ရန္ကုန္၊ စက္တင္ဘာ-၂၁

ရိုးမရိပ္သာ Quarantine Centreရွိ Covid-19 လူနာမ်ားႏွင့္ Quarantine ၀င္ေရာက္‌ေနသူမ်ား အစဥ္ေျပေစရန္အတြက္ Volunteerအင္အားကို (၁၂၀)ခန႔္ထိ တိုးခ်ဲ့သြားမည္ျဖစ္ေၾကာင္း ရိုးမရိပ္သာVolunteer တာဝန္ခံ ကိုဒီၿငိမ္းလင္းက ‌ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ရိုးမရိပ္သာတြင္ Quarantine၀င္ေရာက္ေနသူမ်ား အစဥ္မေျပမႈမ်ားျဖစ္ခဲ့ျခင္းမွာ လူဦးေရ(၁၄၀၀)ခန့္ကို Valunteer (၄၁)ဦး ကူညီေဆာင္႐ြက္ေပးေနျခင္းေၾကာင့္ အစဥ္မေျပမႈမ်ား ရွိခဲ့ေသာ္လည္း လက္ရွိတြင္ အင္အား ထပ္မံတိုးခ်ဲ့ထားၿပီး ျဖစ္သည္။

“အခု လူအင္အားတိုးခ်ဲ့ေနတယ္၊ အစားအေသာက္ကိုလည္း ေနရာေျပာင္းၿပီး မွာေပးထားတယ္။ တစ္ေနရာကေန တစ္ေနရာကို သြားဖို႔အတြက္ ဘက္ထရီကားေတြလည္း ရွိေနၿပီ၊ ေရလည္း ရေနပါၿပီ၊ အခုဆို သူတို႔ကလည္း အစဥ္ေျပတယ္ေျပာေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႕လည္း ပီတိျဖစ္ရပါတယ္”ဟု ၎ကထမ္မံေျပာသည္။

ရိုးမရပ္သာတြင္ လက္ရွိ အစာအေသာက္မ်ား အစဥ္ေျပစြာ စီစဥ္ေပးထားသလို ေရႏွင့္ လွ်ပ္စစ္ဓာတ္အားရရွိေအာင္ ေဆာင္႐ြက္ေပးထားၿပီျဖစ္သည့္အျပင္ အေဆာင္သစ္မ်ားကိုလည္း တိုးခ်ဲ့ေနလွ်က္ရွိသည္။

ဒါျပင္ ရိုးမရိပ္သာတြင္ လိုအပ္သည့္ ကုတင္မ်ား၊ အေထာက္အကူျပဳပစၥည္းမ်ား အဲယားကြန္း၊ ပန္ကာ စသည္တို႔ကို We Love Yangonႏွင့္ အလႉရွင္ တစ္ခ်ိဳ႕ကလည္း လိုအပ္သည့္ ပစၥည္းကိရိယာမ်ားကို လႉဒါန္းေပးေနလွ်က္ရွိသည္။

“ေရာက္ေရာက္ျခင္းတုန္းကေတာ့ အစဥ္မေျပတာေတြရွိခဲ့ေပမယ့္၊ အခုေတာ့ ေတာ္ေတာ္ေလး အစဥ္ေျပသြားၿပီ”ဟု ရိုးမရိပ္သာတြင္ Quarantine၀င္ေရာက္ေနသူ ကိုလူပေအာင္က ေျပာသည္။

ရိုးမရိပ္သာ Quarantine Centreတြင္ ယခုလဆန္းပိုင္းမွ စ၍ Quarantine ၀င္ေရာက္သူမ်ားကို စတင္ လက္ခံထားခဲ့ၿပီး၊ လက္ရွိတြင္လူဦးေရ(၁၈၀၀)နီးပါးရွိေနၿပီး၊ စုစုေပါင္း လူဦးေရ(၂၅၀၀)ထိ လက္ခံထားရွိသြားမည္ ျဖစ္ျဖစ္သည္။

photo-credit

#PeopleMedia #COVID #ရိုးမရိပ္သာ

[Unicode]
ရိုးမရိပ်သာတွင်Volunteerအင်အား(၁၂၀)ထိတိုးချဲ့သွားမည်

ရန်ကုန်၊ စက်တင်ဘာ-၂၁

ရိုးမရိပ်သာ Quarantine Centreရှိ Covid-19 လူနာများနှင့် Quarantine ၀င်ရောက်‌နေသူများ အစဉ်ပြေစေရန်အတွက် Volunteerအင်အားကို (၁၂၀)ခန့်ထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ရိုးမရိပ်သာVolunteer တာဝန်ခံ ကိုဒီငြိမ်းလင်းက ‌ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရိုးမရိပ်သာတွင် Quarantine၀င်ရောက်နေသူများ အစဉ်မပြေမှုများဖြစ်ခဲ့ခြင်းမှာ လူဦးရေ(၁၄၀၀)ခန့်ကို Valunteer (၄၁)ဦး ကူညီဆောင်ရွက်ပေးနေခြင်းကြောင့် အစဉ်မပြေမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် အင်အား ထပ်မံတိုးချဲ့ထားပြီး ဖြစ်သည်။

“အခု လူအင်အားတိုးချဲ့နေတယ်၊ အစားအသောက်ကိုလည်း နေရာပြောင်းပြီး မှာပေးထားတယ်။ တစ်နေရာကနေ တစ်နေရာကို သွားဖို့အတွက် ဘက်ထရီကားတွေလည်း ရှိနေပြီ၊ ရေလည်း ရနေပါပြီ၊ အခုဆို သူတို့ကလည်း အစဉ်ပြေတယ်ပြောတော့ ကျွန်တော်တို့ အနေနဲ့လည်း ပီတိဖြစ်ရပါတယ်”ဟု ၎င်းကထမ်မံပြောသည်။

ရိုးမရပ်သာတွင် လက်ရှိ အစာအသောက်များ အစဉ်ပြေစွာ စီစဉ်ပေးထားသလို ရေနှင့် လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးထားပြီဖြစ်သည့်အပြင် အဆောင်သစ်များကိုလည်း တိုးချဲ့နေလျှက်ရှိသည်။

ဒါပြင် ရိုးမရိပ်သာတွင် လိုအပ်သည့် ကုတင်များ၊ အထောက်အကူပြုပစ္စည်းများ အဲယားကွန်း၊ ပန်ကာ စသည်တို့ကို We Love Yangonနှင့် အလှူရှင် တစ်ချို့ကလည်း လိုအပ်သည့် ပစ္စည်းကိရိယာများကို လှူဒါန်းပေးနေလျှက်ရှိသည်။

“ရောက်ရောက်ခြင်းတုန်းကတော့ အစဉ်မပြေတာတွေရှိခဲ့ပေမယ့်၊ အခုတော့ တော်တော်လေး အစဉ်ပြေသွားပြီ”ဟု ရိုးမရိပ်သာတွင် Quarantine၀င်ရောက်နေသူ ကိုလူပအောင်က ပြောသည်။

ရိုးမရိပ်သာ Quarantine Centreတွင် ယခုလဆန်းပိုင်းမှ စ၍ Quarantine ၀င်ရောက်သူများကို စတင် လက်ခံထားခဲ့ပြီး၊ လက်ရှိတွင်လူဦးရေ(၁၈၀၀)နီးပါးရှိနေပြီး၊ စုစုပေါင်း လူဦးရေ(၂၅၀၀)ထိ လက်ခံထားရှိသွားမည် ဖြစ်ဖြစ်သည်။

photo-credit

#PeopleMedia #COVID #ရိုးမရိပ်သာ


Share this post