• Follow Us on

Home ရုပ်ရှင်အရည်အသွေးမြှင့်တင်နိုင်ရေး အရည်အချင်းရှိသူများကို အသုံးပြု ရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်း


Share this post





Ref; bssnews.net


(Unicode)
ရုပ်ရှင်အရည်အသွေးမြှင့်တင်နိုင်ရေး အရည်အချင်းရှိသူများကို အသုံးပြု ရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်း
……………………………………………………………

နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့အတွက် အရည်အသွေးပြည့်မီတဲ့ ရုပ်ရှင်ဇာတ်ကားတွေထုတ်လုပ်နိုင်ရေး အရည်အသွေးရှိတဲ့သူတွေနဲ့ အထူးသဖြင့် လူငယ်တွေကို အသုံးပြုကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ဒီဇင်ဘာ ၈ ရက်နေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

မိမိတို့မှာ အရည်အသွေးရှိတဲ့ အနုပညာရှင်တွေအများအပြားရှိနေပြီး တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ပိုပြီးရှေ့ ရောက်နေတယ်လို့ ဟာစီနာက ပြောပါတယ်။

ဒါကြောင့် နိုင်ငံတကာမှာ နေရာတစ်ခုရယူနိုင်ဖို့အတွက် အရည်အသွေးရှိတဲ့သူတွေနဲ့ အရည်အသွေးပြည့်မီတဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ လိုတယ်လို့ ဟာစီနာက ပြောပါတယ်။

၂၀၁၇-၁၈ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်ဆုချီးမြှင့်ခဲ့တဲ့ ဟာစီနာက မိမိတို့အနုပညာရှင် တွေအနေနဲ့ တခြားနိုင်ငံတွေကို စွဲဆောင်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါ တယ်။

Ref; bssnews.net

#PeopleMedia #International


Share this post