• Follow Us on

Home ရုရွားထုတ္ ပဥၥမေျမာက္တိုက္ေလယာဥ္ Su-57 ပ်က္က်

ရုရွားထုတ္ ပဥၥမေျမာက္တိုက္ေလယာဥ္ Su-57 ပ်က္က်

Share this post

ရုရွားႏုိင္ငံ၊ ကမ္ဆိုမိုရွန္ အမူ၀ါၿမိဳ႕အနီးမွာ ျပည္တြင္းထုတ္ ပဥၥမေျမာက္မ်ိဳးဆက္ Su-57 တိုက္ေလယာဥ္တစ္စီး ပ်က္က်ခဲ့တယ္လို႔ bulgarianmilitary.com က ေဖာ္ျပပါတယ္။

ထုတ္လုပ္တဲ့ကုမၸဏီက စမ္းသပ္မႈျပဳလုပ္ေနခ်ိန္ပ်က္က်ခဲ့တာျဖစ္ၿပီး ျပည္ပပို႔ Su-57 ဒီဇိုင္းထုတ္ထားတာ မဟုတ္ဘဲ ျပည္တြင္းသံုး T-50 ဒီဇိုင္းထုတ္ထားတဲ့ ေလယာဥ္ျဖစ္တယ္လို႔ သတင္းရရွိပါတယ္။

ေနာက္ဆံုးသတင္းေတြအရ ေလယာဥ္ေမာင္းဟာ ပ်က္က်ခဲ့တဲ့ T-50 ေလယာဥ္က အခ်ိန္မီခုန္ထြက္ႏုိင္ခဲ့ၿပီး ကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

ေလယာဥ္ေမာင္းကို ေလယာဥ္ေျပးလမ္းနဲ႔ ကီလိုမီတာ ၁၂၀ အကြာေလာက္မွာ ေတြ႕ရွိခဲ့ၿပီး ေလယာဥ္ပ်က္က် ရတဲ့ အေၾကာင္းအရင္းကိုေတာ့ ထုတ္လုပ္တဲ့ကုမၸဏီက ထုတ္ေဖာ္ေျပာဆိုျခင္းမရွိခဲ့ပါဘူး။

Ref; bulgarianmilitary.com

#PeopleMedia #International

(Unicode)
ရုရှားထုတ် ပဉ္စမမြောက်တိုက်လေယာဉ် Su-57 ပျက်ကျ
…………………………………………………

ရုရှားနိုင်ငံ၊ ကမ်ဆိုမိုရှန် အမူဝါမြို့အနီးမှာ ပြည်တွင်းထုတ် ပဉ္စမမြောက်မျိုးဆက် Su-57 တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်လို့ bulgarianmilitary.com က ဖော်ပြပါတယ်။

ထုတ်လုပ်တဲ့ကုမ္ပဏီက စမ်းသပ်မှုပြုလုပ်နေချိန်ပျက်ကျခဲ့တာဖြစ်ပြီး ပြည်ပပို့ Su-57 ဒီဇိုင်းထုတ်ထားတာ မဟုတ်ဘဲ ပြည်တွင်းသုံး T-50 ဒီဇိုင်းထုတ်ထားတဲ့ လေယာဉ်ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

နောက်ဆုံးသတင်းတွေအရ လေယာဉ်မောင်းဟာ ပျက်ကျခဲ့တဲ့ T-50 လေယာဉ်က အချိန်မီခုန်ထွက်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်မောင်းကို လေယာဉ်ပြေးလမ်းနဲ့ ကီလိုမီတာ ၁၂၀ အကွာလောက်မှာ တွေ့ရှိခဲ့ပြီး လေယာဉ်ပျက်ကျ ရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်လုပ်တဲ့ကုမ္ပဏီက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

Ref; bulgarianmilitary.com

#PeopleMedia #International


Share this post