• Follow Us on

Home ရုရွားထုတ္ အသံထက္ျမန္ေသာမစ္ဇိုင္း Zircon မွာ တ႐ုတ္ထုတ္ DF-17 ကို တုပထားေသာ ပံုစံငယ္ဟုဆို

ရုရွားထုတ္ အသံထက္ျမန္ေသာမစ္ဇိုင္း Zircon မွာ တ႐ုတ္ထုတ္ DF-17 ကို တုပထားေသာ ပံုစံငယ္ဟုဆို

Share this post

ရုရွားသမၼတ ဗလာဒီမာပူတင္က ႐ုရွားကၽြမ္းက်င္ပညာရွင္ေတြဟာ ေနာက္ဆံုးေပၚ အသံထက္ျမန္တဲ့ ပဲ့ထိန္း မစ္ဇိုင္း Zircon ကို ေအာင္ျမင္စြာတီထြင္္ထုတ္လုပ္ႏုိင္ခဲ့ၿပီလို႔ ထုတ္ျပန္ခဲ့ေပမယ့္ တ႐ုတ္စစ္ဘက္ဆိုင္ရာ ကၽြမ္းက်င္သူေတြကေတာ့ တ႐ုတ္ထုတ္ DF-17 အသံထက္ျမန္တဲ့ မစ္ဇိုင္းကို ပံုစံတူကူးခ်ထားတဲ့ ပံုစံငယ္ ျဖစ္တယ္လို႔ တ႐ုတ္စစ္ဘက္ဆုိင္ရာမီဒီယာတစ္ခုျဖစ္တဲ့ Sina Military မွာ ေဖာ္ျပခဲ့ပါတယ္။

ရုရွားကထုတ္လုပ္တဲ့ အသံထက္ျမန္တဲ့ မစ္ဇိုင္း Zircon ကို ႏုိင္ငံတကာက ရုရွားဗားရွင္း DF-17 လို႔ ထင္မွတ္ ၾကတယ္လို႔လည္း Sina Military မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ္ တ႐ုတ္ထုတ္ DF -17 ေတြဟာ ရုရွား ထက္အမ်ားႀကီးေစာၿပီး စစ္တပ္မွာ အသံုးျပဳေနၿပီလို႔လည္းဆိုပါတယ္။

ရုရွားအစိုးရပိုင္႐ုပ္သံလိုင္းက Zircon ကို သမၼတပူတင္အေနနဲ႕ ႏ်ဴကလီးစစ္ပြဲမွာ အေမရိကန္ရဲ႕ ၿမိဳ႕ေတြကို ဖ်က္ဆီးဖို႔အတြက္ ေရြးခ်ယ္အသံုးျပဳႏုိင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အသံထက္ျမန္တဲ့ မစ္ဇိုင္း Zircon ဟာ အကြာအေ၀းကီလိုမီတာ တစ္ေထာင္ေက်ာ္အထိေရာက္ရွိႏိုင္တယ္လို႔ ေျပာၾကားထားပါတယ္။

#PeopleMedia #International

(Unicode)
ရုရှားထုတ် အသံထက်မြန်သောမစ်ဇိုင်း Zircon မှာ တရုတ်ထုတ် DF-17 ကို တုပထားသော ပုံစံငယ်ဟုဆို
………………………………………………………

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားကျွမ်းကျင်ပညာရှင်တွေဟာ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ ပဲ့ထိန်း မစ်ဇိုင်း Zircon ကို အောင်မြင်စွာတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပေမယ့် တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ တရုတ်ထုတ် DF-17 အသံထက်မြန်တဲ့ မစ်ဇိုင်းကို ပုံစံတူကူးချထားတဲ့ ပုံစံငယ် ဖြစ်တယ်လို့ တရုတ်စစ်ဘက်ဆိုင်ရာမီဒီယာတစ်ခုဖြစ်တဲ့ Sina Military မှာ ဖော်ပြခဲ့ပါတယ်။

ရုရှားကထုတ်လုပ်တဲ့ အသံထက်မြန်တဲ့ မစ်ဇိုင်း Zircon ကို နိုင်ငံတကာက ရုရှားဗားရှင်း DF-17 လို့ ထင်မှတ် ကြတယ်လို့လည်း Sina Military မှာ ဖော်ပြထားပါတယ်။ ဒါပေမယ် တရုတ်ထုတ် DF -17 တွေဟာ ရုရှား ထက်အများကြီးစောပြီး စစ်တပ်မှာ အသုံးပြုနေပြီလို့လည်းဆိုပါတယ်။

ရုရှားအစိုးရပိုင်ရုပ်သံလိုင်းက Zircon ကို သမ္မတပူတင်အနေနဲ့ နျူကလီးစစ်ပွဲမှာ အမေရိကန်ရဲ့ မြို့တွေကို ဖျက်ဆီးဖို့အတွက် ရွေးချယ်အသုံးပြုနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသံထက်မြန်တဲ့ မစ်ဇိုင်း Zircon ဟာ အကွာအဝေးကီလိုမီတာ တစ်ထောင်ကျော်အထိရောက်ရှိနိုင်တယ်လို့ ပြောကြားထားပါတယ်။

#PeopleMedia #International


Share this post