• Follow Us on

Home ရုရှားထုတ် နောက်ဆုံးမျိုးဆက် Su-57 တိုက်လေယာဉ်များကို မြန်မာ့တပ်မတော်က ၀ယ်ယူရန် စိတ်ဝင်စားလျက်ရှိနေ

ရုရှားထုတ် နောက်ဆုံးမျိုးဆက် Su-57 တိုက်လေယာဉ်များကို မြန်မာ့တပ်မတော်က ၀ယ်ယူရန် စိတ်ဝင်စားလျက်ရှိနေ

Share this post

ရုရှားနိုင်ငံက ပြည်ပကိုရောင်းချနေတဲ့ နောက်ဆုံးမျိုးဆက် Su-57 တိုက်လေယာဉ်တွေကို မြန်မာနိုင်ငံက၀ယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Asia Pacific Defense Journal က စက်တင်ဘာ ၉ ရက်နေ့မှာဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့အနီး လတ်တလော ကျင်းပခဲ့တဲ့ MAKS 2019 လေကြောင်းပြပွဲမှာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ ရုရှားထုတ် မျိုးဆက်သစ် Sukhoi Su-57 အပါအ၀င် ရုရှားနိုင်ငံက တိုက်လေယာဉ်တွေထပ်ပြီး ၀ယ်ယူလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားက တိုက်လေယာဉ်တွေထပ်မံ ၀ယ်ယူဖို့ ဆွေးနွေးလျက်ရှိတယ်လို့လည်း မြန်မာသံအမတ်က အတည်ပြုခဲ့ပါတယ်။
အခုလို ၀ယ်ယူမှုတွေအတွက်ရုရှားနိုင်ငံက အတည်ပြုချက်က အဓိကကျပြီး ရုရှားဟာ လက်ရှိမှာ မျိုးဆက်သစ် Su-57 တိုက်လေယာဉ်တွေကို ပြည်ကို ရောင်းချဖို့ ဈေးကွက်ရှာဖွေလျက်ရှိနေပါတယ်။

Ref; asiapacificdefensejournal.com


Share this post