• Follow Us on

Home ရုရှားနဲ့ ယူကရိန်း ဘယ်ဘက်ကမှ မနိုင်နိုင်တဲ့အတွက် စေ့စပ်ညှိနှိုင်းမှုကတစ်ဆင့်သာ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်မှာဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးပြော

ရုရှားနဲ့ ယူကရိန်း ဘယ်ဘက်ကမှ မနိုင်နိုင်တဲ့အတွက် စေ့စပ်ညှိနှိုင်းမှုကတစ်ဆင့်သာ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်မှာဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

 

ယူကရိန်းစစ်ပွဲမှာ ဘယ်ဘက်ကမှ ၎င်းတို့ရဲ့စစ်ရေးရည်မှန်းချက်တွေကို အောင်မြင်အောင်တိုက်ခိုက်နိုင်မှာ မ ဟုတ်တဲ့အတွက် စေ့စပ်ညှိနှိုင်းထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ကတစ်ဆင့်သာ စစ်ပွဲကို အဆုံးသတ်စေနိုင်မှာဖြစ် ကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Financial Times နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

 

“ရုရှားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို စစ်ရေးနည်းလမ်းနဲ့ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင် ရွက်ဖို့ မဖြစ်နိုင်ပါဘူး။ ရုရှားဟာ ယူကရိန်းတစ်နိုင်ငံလုံးကို စီးနင်းနိုင်မှာမဟုတ်ပါဘူး။ ဒီလိုပဲ ဒီနှစ်အတွင်းမှာ ယူ ကရိန်းအနေနဲ့ ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ယူကရိန်းမြေပေါ်ကနေ ရုရှားတွေကို တစ်လက်မှမကျန်မောင်း ထုတ်ပစ်ဖို့ဆိုတာ အလွန့်အလွန် ခက်ခဲမယ့်အလုပ်ပါ။” လို့ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ပြောပါတယ်။

 

လာမယ့်နွေဦးကာလတန်ပြန်ထိုးစစ်အတွက် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ရေးနဲ့ပတ်သက်ပြီး နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဖို့အတွက် အခုသီတင်းပတ်အစောပိုင်းက ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆဲလ်မြို့ကို သွားရောက်ပြီးနောက်ပိုင်းမှာ အမေရိကန်ဗိုလ်ချုပ်ကြီးက အခုလိုပြောလိုက်တာဖြစ်ပါ တယ်။

 

ယူကရိန်းနိုင်ငံဟာ အနောက်မဟာမိတ်နိုင်ငံတွေက ထုတ်လုပ်နိုင်တဲ့ပမာဏထက် လက်နက်ခဲယမ်းတွေကို အ များကြီးပိုမိုသုံးစွဲနေကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်းဆော့တန်းဘာ့ဂျ်က တနင်္လာနေ့က သတိပေး လိုက်ပါတယ်။

 

ခဲယမ်းပြဿနာဖိအားကြောင့် ပင်တဂွန်စစ်ဌာနချုပ်ဟာ အမေရိကန်လက်နက်တိုက်တွေကို ပြန်လည်ဆန်းစစ် နေရပြီး သုံးစွဲမှုမြင့်တက်နေတာကိုလည်း ချိန်ဆနေရကြောင်း ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ပြောပါတယ်။

 

ဆယ်စုနှစ်ပေါင်းများစွာဆင်နွှဲခဲ့တဲ့ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေနဲ့ သမရိုးကျမဟုတ်တဲ့စစ်ပွဲ တွေကို အာရုံစိုက်လာပြီးတဲ့နောက်မှာ ထောက်ပံ့ရေးလိုအပ်ချက်နဲ့ပတ်သက်ပြီး ခဲယမ်းသုံးစွဲမှုတွေကို အမေရိ ကန်အရာရှိတွေက ပြန်လည်ဆန်းစစ်လေ့လာနေတယ်လို့ဆိုပါတယ်။

 

“ဒီစစ်ပွဲရဲ့သင်ခန်းစာတွေထဲက တစ်ခုကတော့ သမရိုးကျခဲယမ်းကုန်ကျမှု အလွန်မြင့်မားတာပါပဲ။ ကျွန်တော်တို့ ရဲ့ခဲယမ်းတိုက်တွေကိုပြန်လည်စစ်ဆေးနေရပါတယ်။ တကယ့်လိုအပ်ချက်တွေကို တွက်ချက်နိုင်ပြီး အဲဒီလိုအပ် ချက်တွေကို ဘတ်ဂျက်ချိန်ညှိနိုင်ရေးအတွက် ကျွန်တော်တို့ ကြိုးစားဆန်းစစ်လေ့လာနေပါတယ်။ ခဲယမ်းတွေက အလွန်ဈေးကြီးပါတယ်ဗျာ။” လို့ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ပြောပါတယ်။

 

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ လက်ရှိဘတ်ဂျက်သုံးစွဲမှုဟာ ဒေါ်လာ ၈၁၇ ဘီလျံဖြစ်ပြီး အဲဒီပမာဏဟာ ကမ္ဘာပေါ်က တခြားနိုင်ငံကြီးဆယ်နိုင်ငံစုစုပေါင်း ကာကွယ်ရေးဘတ်ဂျက်ထက် ကျော်လွန်နေသေးတယ်လို့ ဆိုပါတယ်။

 

ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက အမေရိကန်အစိုးရဟာ ယူကရိန်းနိုင်ငံကိုကူညီဖို့ ဒေါ်လာ ၁၁၀ ဘီလျံ ခွဲဝေလျာထားပြီးသားဖြစ်ပါတယ်။

 

သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ အမေရိကန်လက်နက်တိုက်ထဲက လက်နက်ခဲယမ်းတွေကို ယူကရိန်းကိုထောက်ပံ့ ပေးပြီး ဖြုန်းတီးနေတယ်လို့ ဖလော်ရီဒါပြည်နယ်အမတ် မက်ဂေ့ဇ်နဲ့ အရီဇိုးနားပြည်နယ်အမတ် အန်ဒီဘစ်တို့လို ရီပတ်ဘလီကန်အမတ်တချို့က ဝေဖန်ခဲ့ပါတယ်။

 

Ref: Ukraine conflict will likely have no military winner – top US general

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Ukraine conflict will likely have no military winner – top US general

 

#PeopleMedia


Share this post