• Follow Us on

Home ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် International Army Games-2019 ပိတ်ပွဲ အခမ်းအနားသို့ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် International Army Games-2019 ပိတ်ပွဲ အခမ်းအနားသို့ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

Share this post

ရန်ကုန်၊ သြဂုတ် – ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ် လျက်ရှိသည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် သြဂုတ်-၁၅ရက်၌ လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တပ်မတော်လေ့ကျင့်ရေးအရာရှိချု ပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြသည်။

အဆိုပါ ပွဲတော်၌ မြန်မာ့တပ်မတော်မှ တပ်မတော်သားများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။


Share this post