• Follow Us on

Home ရုရွားမစ္ဇိုင္းစနစ္မ်ားကို အစၥေရးက ေလေၾကာင္းမွ တိုက္ခိုက္ဖ်က္ဆီး

ရုရွားမစ္ဇိုင္းစနစ္မ်ားကို အစၥေရးက ေလေၾကာင္းမွ တိုက္ခိုက္ဖ်က္ဆီး

Share this post

ရုရွားရဲ႕ မစ္ဇိုင္းစနစ္ေတြကို အစၥေရးက ႏို၀င္ဘာလ ေလေၾကာင္းတိုက္ခိုက္မႈမွာ ဖ်က္ဆီးခဲ့တယ္လို႔ အမည္ မေဖာ္ဖို႔ ပန္ၾကားထားတဲ့ သတင္းအရင္းအျမစ္တစ္ခုက ေျပာပါတယ္။

Zaman al-Wasl သတင္းမီဒီယာတစ္ခုက ရရွိခဲ့တဲ့ ၿဂိဳလ္တုဓာတ္ပံုေတြအရ ဆီးရီးယားၿမိဳ႕ေတာ္ ေတာင္ပိုင္းမွာ အစၥေရးက ရုရွားရဲ႕ BuK-M2 နဲ႔ Pantsir-S1 မစ္ဇိုင္းစနစ္ေတြကို ဖ်က္ဆီးခဲ့တာေတြ႕ရပါတယ္။

Buk-M2 ဟာ ေျမျပင္ကေ၀ဟင္ပစ္ မစ္ဇိုင္းစနစ္ျဖစ္ၿပီး ခရုမစ္ဇိုင္းေတြကို တန္ျပန္ပစ္ခတ္ႏိုင္တဲ့ တာလတ္ဒံုး စနစ္ျဖစ္ပါတယ္။

Pantsir-S1 ဟာ တာတိုနဲ႔ တာလတ္ေပါင္းစပ္ထားတဲ့ ေလယာဥ္ပစ္အေျမွာက္လက္နက္စနစ္ျဖစ္ပါတယ္။

ရုရွားႏုိင္ငံဟာ အစၥေရးရဲ႕ ဆီးရီးုယားႏုိင္ငံတြင္း ေလေၾကာင္းတုိက္ခိုက္မႈေတြကို အၿမဲ ရႈတ္ခ်ေလ့ရွိပါတယ္။

အစၥေရးႏုိင္ငံဟာ ႏိုင္ငံတြင္း ဒံုးက်ည္က်ေရာက္မႈကို တံု႔ျပန္တဲ့အေနနဲ႔ ႏို၀င္ဘာ ၂၀ ရက္ေန႔က ဆီးရီးယား ႏုိင္ငံအေျခစိုက္ အီရန္နဲ႔ ဆီရီးယားလက္နက္ကိုင္အဖြဲ႕ေတြကို ေလေၾကာင္းတိုက္ခုိက္မႈေတြျပဳလုပ္ခဲ့ပါတယ္။

Ref; zamanalwsl.net

#PeopleMedia #International

(Unicode)
ရုရှားမစ်ဇိုင်းစနစ်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီး
……………………………………………………………

ရုရှားရဲ့ မစ်ဇိုင်းစနစ်တွေကို အစ္စရေးက နိုဝင်ဘာလ လေကြောင်းတိုက်ခိုက်မှုမှာ ဖျက်ဆီးခဲ့တယ်လို့ အမည် မဖော်ဖို့ ပန်ကြားထားတဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။

Zaman al-Wasl သတင်းမီဒီယာတစ်ခုက ရရှိခဲ့တဲ့ ဂြိုလ်တုဓာတ်ပုံတွေအရ ဆီးရီးယားမြို့တော် တောင်ပိုင်းမှာ အစ္စရေးက ရုရှားရဲ့ BuK-M2 နဲ့ Pantsir-S1 မစ်ဇိုင်းစနစ်တွေကို ဖျက်ဆီးခဲ့တာတွေ့ရပါတယ်။

Buk-M2 ဟာ မြေပြင်ကဝေဟင်ပစ် မစ်ဇိုင်းစနစ်ဖြစ်ပြီး ခရုမစ်ဇိုင်းတွေကို တန်ပြန်ပစ်ခတ်နိုင်တဲ့ တာလတ်ဒုံး စနစ်ဖြစ်ပါတယ်။

Pantsir-S1 ဟာ တာတိုနဲ့ တာလတ်ပေါင်းစပ်ထားတဲ့ လေယာဉ်ပစ်အမြှောက်လက်နက်စနစ်ဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ အစ္စရေးရဲ့ ဆီးရီးုယားနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို အမြဲ ရှုတ်ချလေ့ရှိပါတယ်။

အစ္စရေးနိုင်ငံဟာ နိုင်ငံတွင်း ဒုံးကျည်ကျရောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ဆီးရီးယား နိုင်ငံအခြေစိုက် အီရန်နဲ့ ဆီရီးယားလက်နက်ကိုင်အဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

Ref; zamanalwsl.net

#PeopleMedia #International


Share this post