• Follow Us on

Home ရုရှားလုံခြုံရေးဗဟိုဌာနချုပ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ ၁ ဦးသေဆုံး


Share this post






Ref; Reuters


(Unicode)
ရုရှားလုံခြုံရေးဗဟိုဌာနချုပ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ ၁ ဦးသေဆုံး
………………………………………………

ရုရှားနိုင်ငံ၊ မော်စကိုမြို့ထဲက လုံခြုံရေးဗဟိုဌာနချုပ်(FSB)မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သမ္မတပူတင်က နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး နာရီပိုင်းအကြာမှာ အခုလိုပစ်ခတ်မှု ဖြစ်ပွားခဲ့ တာပါ။

အော်တိုမက်တစ် သေနတ်ကိုင်ဆောင်ထားတဲ့ သေနတ်သမားကို အဆောက်အဦဝင်ပေါက်မှာ လုံခြုံရေးအရာရှိ တစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ဖြစ်စဉ်အသေးစိတ်ကိုတော့ အတိအကျမသိရသေးပါဘူး။ ပစ်ခတ်မှုမှာ ဒဏ်ရာရသူ ၅ ဦးရှိခဲ့ပြီး အရာရှိနှစ်ဦး ဟာ ဒဏ်ရာပြင်းထန်တယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးဌာနက မီဒီယာတွေကို ဖြေကြားထားပါတယ်။

သက်ဆိုင်ရာက အခုဖြစ်ရပ်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post